ရန်ကုန်ရှိ မြို့နယ်အချို့၌ ဆန်များကို ကားများဖြင့် လှည့်လည်ရောင်းချရန် နှင့် အွန်လိုင်းမှတဆင့် ရောင်းချရန် စီစဉ်နေကြောင်း MRF ထုတ်ပြန်
သန့်ဇင် (NSS) - ဩဂုတ် ၇
ရန်ကုန်တိုင်းရှိ မြို့နယ်အချို့၌ ဆန်ကားဖြင့် လှည့်လည်ရောင်းချခြင်း နှင့် ဆန်ဆိုင်များအနေဖြင့် အွန်လိုင်းမှ ရောင်းချမှုများလုပ်ဆောင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ယနေ့(ဩဂုတ်လ ၇ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထား ခြင်းဖြစ်သည်။
ယနေ့ (ဩဂုတ်လ ၇ ရက်)မှ စတင်ပြီး သက်သာသောဈေးနှုန်းများဖြင့် ဆန်မျိုးစုံ ရောင်းချမှုများကို လမ်းမတော်-ဝါးတန်းဆန်စပါး ကုန်စည်ဒိုင် နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တို့တွင် ရောင်းချပေး လျက်ရှိသည်။
အများပြည်သူများ၏ အကြုံပြုချက်များအရ ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်/ မြောက်ဒဂုံ၊ ဒလ၊ တွံ့တေး၊ မှော်ဘီ၊ မင်္ဂလာဒုံစသောမြို့နယ်များတွင် နေရာရွေး၍ အရောင်းဆိုင်သတ် မှတ်ခြင်း၊ ကားဖြင့် လှည့်လည်ရောင်းချခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းရှိ လက်လီဆန်အရောင်းဆိုင်များကိုလည်း တစ်ဆိုင်လျှင် ဧည့်မထ ဆန်အိမ်ကြီး(၅၀)နှုန်းဖြင့် (၂)ပတ်လျှင်တစ်ကြိမ် စနစ်တကျ ဏာရင်းပြုစုပြီး ဖြန့်ဝေပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ကာ Kpay ဖြင့် ငွေပေးချေနိုင်ပြီး အရောက်ပို့ ဆောင်ပေးမည့်စနစ်အား ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါးကုမ္ပဏီများ၊ ဆန်စက်များ/ ဆန်ကုန်သည်များနှင့် စုပေါင်း၍ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် သက်သာသော ဈေးနှုန်းဖြင့် အရည်အသွေးမှန်သည့် ဆန်များအား ရောင်းချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်စပါးအသင်းချုပ်က လက်လီဈေးထက်သက်သာသော အရန်ဆန်များ စတင်ရောင်းချ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း