ရေဒီယိုသတ္တိကြွရေဆိုးများကို ဩဂုတ်လအတွင်း ပင်လယ်ထဲသို့ စွန့်ပစ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရကြေညာ
Pika (NSS) - သြဂုတ် ၇
ဂျပန်အစိုးရသည် ဆူနာမီတိုက်ခတ်မှုကြောင့်ပျက်စီးသွားသော ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ဩဂုတ်လနှောင်းပိုင်းတွင် ပင်လယ်ထဲသို့ စတင်ထုတ်လွှတ်ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး The Asahi Shimbun သတင်းစာက ဖော်ပြခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်တို့သည် လာမည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံမှာ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုအတွင်း ရေဒီယိုသတ္တိကြွရေဆိုးများကို မည်ကဲ့သို့ ဘေးကင်းစွာစွန့်ပစ်မည်ဆိုသည့်အချက်ကို ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါက ရှင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရသည် အဆိုပါဆွေးနွေးမှုများ အပြီးတွင် ရေဒီယိုသတ္တိကြွရေဆိုးများကို ပင်လယ်ထဲသို့စွန့်ပစ်သွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
သို့သော်လည်း ရေဆိုးများ စွန့်ပစ်မည့်အစီအစဉ်ကို အတိအကျမဆုံးဖြတ်ရသေးကြောင်း ဂျပန်အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူမက်ဆူနိုက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လတွင် ဂျပန်နိုင်ငံ၏ နျူကလီးယား ထိန်းညှိရေးအဖွဲ့သည် Tokyo Electric Power (9501.T) ကုမ္ပဏီအတွက် ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်မည့် အစီအစဉ်ကို လုပ်ဆောင်ရန်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ စွန့်ပစ်မည့်အစီအစဉ်သည် ဘေးကင်းကြောင်း ဂျပန် နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီတို့က ပြောဆိုထားသော်လည်း အိမ်နီးချင်းနိုင်ငံများက အဆိုပါရေဆိုးများကြောင့် ပင်လယ်ထွက်အစားအစာများ ညစ်ညမ်းသွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ အရှေ့ မြောက်ဖက်တွင်ရှိသော ဖူကူရှီးမားစီရင်စုတွင် ငါးဖမ်းလုပ်ငန်းများကို စက်တင်ဘာလတွင် စတင်ရန် စီစဉ်ထားပြီး ဂျပန်အစိုးရသည် ငါးဖမ်းရာသီမစတင်မီအချိန်တွင် ရေဒီယိုသတ္တိကြွရေဆိုးထုတ်လွှတ်မှုများ စတင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ရှိ မြို့နယ်အချို့၌ ဆန်များကို ကားများဖြင့် လှည့်လည်ရောင်းချရန် နှင့် အွန်လိုင်းမှတဆင့် ရောင်းချရန် စီစဉ်နေကြောင်း MRF ထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ