တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အားကစားဆိုင်ရာများ ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆန္ဒရှိနေ
ယွန်း (NP News) - သြဂုတ် ၇
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အားကစားဆိုင်ရာများ ဖလှယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဆန္ဒရှိကြောင်း တရုတ်သံအမတ်မှ အသိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai က သြဂုတ်လ(၆)ရက်တွင် ရန်ကုန်မြို့၊ အင်းလျားကန်တွင် ကျင်းပခဲ့သော တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်း အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အားကစားဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံတကာအားကစားကူးလူးဖလှယ်ရေးကို အလေးထားကြောင်း Mr. Chen Hai က အသိပေးပြောကြားထားသည်။
တရုတ်- မြန်မာနှစ်နိုင်ငံသည် ပြည်သူချင်း ချစ်ခင်ရင်းနှီးပြီး ယဥ်ကျေးမှုချင်း ဆက်နွယ်နေခြင်းကြောင့် အားကစားဆိုင်ရာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါအလွန်ကာလ အားကစားဆိုင်ရာကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း Mr. Chen Hai က ဆက်လက်ပြောကြားခဲ့သည်။
အလားတူ တရုတ်နိုင်ငံမှ ကူညီလေ့ကျင့်ပေးသော မြန်မာအားကစားသမားများအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ထူးချွန်သော ရလဒ်ကောင်းများလည်း ရရှိခဲ့ကြောင်း Mr. Chen Hai က ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်သည့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့်တင်ရေးစီမံကိန်းမှာလည်း ပြီးစီးနေပြီဖြစ်၍ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောင်ဆန်းအားကစားကွင်း ပြုပြင်တည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာကေတမြို့နယ်၌ ရပ်ထားသော အငှားယာဉ်အား အိမ်စီးကားမှ ဝင်တိုက်ခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း