နိုင်ဂျာနိုင်ငံ အာဏာသိမ်းမှုကို စစ်ရေးနည်းလမ်းအသုံးပြုမယ့်အစီအစဉ်မှာ ပူးပေါင်းပါဝင်မှာ မဟုတ်ကြောင်း အယ်ဂျီးရီးယားသမ္မတ ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၇
အယ်ဂျီးရီးယားသမ္မတ က နိုင်ဂျာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်အာဏာသိမ်းမှုကို အပြောင်းလဲဖြစ်စေဖို့ စစ်ရေး နည်းလမ်းအသုံးပြုမယ်ဆိုရင် ဒေသအတွင်းတည်ငြိမ်ရေးကို ပိုမိုဆိုးရွားသွားဖွယ်ရှိနေကြောင်း အယ်ဂျီးရီးယား သမ္မတ Abdelmadjid Tebboune က ပြောပါတယ်။
နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အနောက်အာဖရိကနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ECOWAS က ရာထူးကနေဖြုတ်ချခံရတဲ့သမ္မတကို တစ်ပတ်အတွင်း ပြန်ခန့်ဖို့ နဲ့ တောင်းဆိုချက်ကို မလိုက်နာရင် စစ်ရေးနည်းလမ်းအသုံးပြုသွားမယ်လို့ပြောဆိုထားရာ သတ်မှတ်ရက်က သက်တမ်းကုန်ဆုံးခဲ့ကြောင်း သိရပါတယ်။
အယ်ဂျီးရီးယားသမ္မတက "နိုင်ဂျာအာဏာသိမ်းမှုကို စစ်ရေးနည်းလမ်းနဲ့ ပြန်တုံ့ပြန်မယ်ဆိုရင် အာဖရိကတိုက်ရှိ Sahel ဒေသတစ်ခုလုံး မီးလောင်တိုက်သွင်းခံရသလိုမျိုးဖြစ်လာနိုင်တယ်။ အယ်ဂျီးရီးယားနိုင်ငံဟာ နိုင်ဂျာစစ်တပ် ကို တိုက်ခိုက်ဖို့ အိမ်နီးချင်းနိုင်ငံများနဲ့အတူ အင်အားသုံးဖြေရှင်းမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အယ်ဂျီးရီးယားနိုင်ငံဟာ နိုင်ဂျာနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ၉၅ဝ ကီလိုမီတာ ထိစပ်နေတဲ့နိုင်ငံဖြစ်ပြီး နိုင်ဂျာပြည်တွင်း ရေးကို ဖြေရှင်းနိုင်အောင် သံတမန်ရေးနည်းလမ်းအသုံးပြုတာကို အားပေးထောက်ခံကြောင်း မကြာသေးမီက ပြောခဲ့ပါတယ်။
ECOWAS အဖွဲ့မှာ အာဖရိကတိုက်အတွင်းရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ဖွဲ့စည်းထားပြီး စစ်ရေးနည်းလမ်းအသုံးပြုဖို့ ပြင်ဆင်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။ အာဖရိကအနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတို့မှာ ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်း စစ်အာဏာသိမ်းမှု ၇ ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း သိရပါတယ်။
နိုင်ဂျာနိုင်ငံဟာ အယ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ ဘီနင်၊ ချက်ဒ်၊ ဘာကီနာဖာဆို၊ မာလီ၊ လစ်ဗျားနိုင်ငံတို့နဲ့ နယ်စပ် ချင်းထိစပ်နေကြောင်း သိရပါတယ်။ မာလီ နဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးနည်းလမ်း အသုံးပြုမယ့်အစီအစဉ်တွေကို လက်မခံကြောင်း၊ နိုင်ဂျာနိုင်ငံကို စစ်ရေးနည်းလမ်းအသုံးပြုခြင်းက ၎င်းတို့နိုင်ငံ အပေါ် စစ်ကြေညာခြင်းလို့ မှတ်ယူမှာဖြစ်ကြောင်း မကြာသေးမီက သတိပေးခဲ့ပါတယ်။
နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်တွေကို ECOWAS အဖွဲ့ရဲ့ ရာဇသံပေးထားမှု အချိန်ကာလဟာ သြဂုတ် ၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပေမယ့် စစ်ရေးအရတိုက်ခိုက်ခြင်းမျိုးမရှိသေးဘဲ ပြင်ဆင်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေး၌ ရေနံပိုက်လိုင်းဖောက်၍ ရေနံခိုးထုတ်နေသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးကို အရေးယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ