မကွေး၌ ရေနံပိုက်လိုင်းဖောက်၍ ရေနံခိုးထုတ်နေသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးကို အရေးယူ
NSS - ဩဂုတ် ၇
မကွေးတိုင်း၊ ချောက်မြို့နယ်၌ ရေနံပိုက်လိုင်းကို ဖောက်၍ ရေနံခိုးထုတ်နေသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။
၎င်းတို့သည် ဩဂုတ်လ ၅ရက်၊ နံနက် ၉နာရီခွဲအချိန်တွင် ချောက်မြိုနယ်၊ (၄)ရပ်ကွက် ရေနံမြေအတွင်းရှိ OB ပိုက်လိုင်းအား ဖောက်ခိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနံမြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရေနံခိုးယူနေကြောင်း သတင်းအရ အဆိုပါနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ရေနံ OB ပိုက်လိုင်းအား ဖောက်၍ ပိုက်ပျော့များဖြင့် သွယ်တန်းပြီး ရေနံပီပါများ အတွင်းသို့ ထည့်သွင်းခိုးယူနေသူများအား တွေ့ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါရေနံခိုးယူမှုတွင် ပါဝင်သူများအနက်မှ အမှတ်(၄)ရပ်ကွက်နေ မဇာဖြူလဲ့ဝင်း(၄၂)နှစ်နှင့် အမှတ်(၆) ရပ်ကွက်နေ ဖိုးပြည့်(ခ) ပြည့်ဟိန်းကျော်(၂၉)နှစ်တို့အား ရေနံခိုးယူရာတွင် အသုံးပြုသည့် မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ် (၃)စီး၊ ဂါလန်(၅၀)ဆံ့ ရေနံပီပါ(၂)လုံး၊ (၂၅)ဂါလန် ခန့်ပါ ရေနံအိတ် (၁၀)လုံး၊ ရေနံပီပါ အခွံ (၁၀)လုံး၊ တစ်လက်မ ပိုက်ပျော့ပေ(၂၀၀)နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ချောက်မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မဲကြီး(ခ)ကျော်နိုင်ဦး၊ ညီညီနှင့် အောင်အောင်ဦးတို့ (၃)ဦးကိုလည်း ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရန်ဆန်အိတ်ရေ(၅၀၀၀၀) အပါအဝင် ဆန်အိတ်ရေ နှစ်သိန်းနီးပါးကို ယခုလအတွင်း ထုတ်ရောင်းပေးမည်ဟု ဆန်စပါး အသင်းချုပ်ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း