ဘာစီလိုနာအသင်းနှင့်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏ ကစားသမား ၁၈ ဦးစာရင်းကို MFF ထုတ်ပြန်
သန့်ဇင် (NSS) - ဩဂုတ် ၆
ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ၁၁ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်မည့် U 12 Junior Soccer Woorld Challenge 2023 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း အပြီးသတ် ကစားသမား (၁၈)ဦးထွက်ပေါ်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယမန်နေ့ (ဩဂုတ်လ ၅ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကစားသမားများ ရွေးချယ်ရာတွင် ဆန်ခါတင်ကစားသမား (၂၅)ဦးအား သုဝဏ္ဏအားကစားကွင်း လက်ရွေးစင်များ အဆောင်တွင်ထားရှိကာ လေ့ကျင့်မှုများနှင့် ခြေစမ်းပွဲများ ပြုလုပ်ပြီးနောက် အပြီးသတ် ကစားသမား(၁၈)ဦးအား ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
နောက်ဆုံးအပြီးသက်ကစားသမားစာရင်းတွင် ရန်ကုန်အကယ်ဒမီမှ(၅)ဦး၊ မန္တလေးအကယ်ဒမီမှ (၃)ဦး၊ ပုသိမ် အကယ်ဒမီမှ(၃)ဦးနှင့် ဒေသအသီးသီးမှာ လာရောက်ရွေးချယ်ခံလူငယ်(၇)ဦးထိ ပါဝင်လာခဲ့ကြောင်း သိရသည်၊
လက်ရှိတွင် မြန်မာ့လက်ရွေးစင် ယူ-၁၂အသင်းအနေဖြင့် အုပ်စု(C)တွင် ဘာစီလိုနာလူငယ်အသင်း၊ Daiwa House Dream လူငယ်အသင်း၊ JEF United Chiba U-12လူငယ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်အား ဘာစီလိုနာလူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာ့လက်ရွေးစင်ကစားသမား(၁၈)ဦးနှင့် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင်(၇)ဦး စုစုပေါင်း (၂၅)ဦး သည် ဩဂုတ်လ (၂၂)ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွက် AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြင့်ပေပေါင်း ၂၆ဝဝဝ ကျော်ရှိ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို အောင်မြင်စွာတက်ပြပြီး စံချိန်တင်ခဲ့တဲ့ နော်ဝေး နဲ့ နီပေါတောင်သမားနှစ်ဦး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း