အမြင့်ပေပေါင်း ၂၆ဝဝဝ ကျော်ရှိ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို အောင်မြင်စွာတက်ပြပြီး စံချိန်တင်ခဲ့တဲ့ နော်ဝေး နဲ့ နီပေါတောင်သမားနှစ်ဦး
ဂျန်ဇက် (NSS) - သြဂုတ် ၆
နော်ဝေးတောင်တက်သမား နဲ့ နီပေါနိုင်ငံသား လမ်းပြတို့ဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကိုအောင်မြင်စွာ တက်ပြနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်များကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နော်ဝေးတောင်တက်သမား ခရစ်တင် ဟာရီလာ နဲ့ နီပေါနိုင်ငံသား ရှာပါဆိုသူတို့ဟာ အမြင့်ပေ ၂၆ဝဝဝ ကျော်ရှိ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို ၉၂ ရက်အတွင်း အပြီးသတ်တက်ပြနိုင်ခဲ့တာဖြစ်ပြီး၊ သြဂုတ်လ ၅ ရက်က နီပေါနိုင်ငံမှာ သူရဲကောင်းသဖွယ်ကြိုဆိုခံခဲ့ရကြောင်း သိရပါတယ်။
နော်ဝေး တောင်တက်သမား နဲ့ နီပေါနိုင်ငံသားလမ်းပြတို့ဟာ ၂ဝ၁၉ ခုနှစ်က ဗြိတိန်နိုင်ငံသား Nirmal Purja' ရရှိခဲ့တဲ့စံချိန်ကို ထပ်မံချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ တောင်တက်သမားပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်က ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ထိပ်ကို တက်ရောက်ချိန်က ၆ လ၊ ၆ ရက် ကြာခဲ့ကြောင်း သိရပါတယ်။
ဟာရီလာ က "ကျွန်တော်အနေနဲ့ အမြင့်ပေ ၈ဝဝဝ မီတာရှိတဲ့ တောင်ထိပ်ကို တက်ရောက်နိုင်မယ်လို့ မထင်ခဲ့ဘူး။ ကျွန်တော်ဟာ တောင်ထိပ်ကိုတက်ရောက်နိုင်ပြီးနောက် နီပေါနိုင်ငံကို ပြန်လာခဲ့တယ်" လို့ ပြောပါတယ်။
အဆိုပါ တောင်တက်သမားနှစ်ဦး နီပေါကို ပြန်လာချိန်မှာ အတီးအမှုတ်တွေနဲ့ကြိုဆိုခဲ့သလို ပန်းများ၊ နိုင်ငံအလံများ ဝှေ့ယမ်းကြိုဆိုခဲ့ကြောင်း သိရပါတယ်။ နီပေါနိုင်ငံသားဟာ အသက် ၁၆ နှစ်အရွယ်ကတည်းက တောင်တက် လမ်းပြအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ နော်ဝေးတောင်တက်သမားက စံချိန်တင်နိုင်ဖို့ အများကြီးကူညီပေးခဲ့ကြောင်း သိရပါတယ်။
ဟာရီလာဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါင်း ၁၄ တောင်ကို တက်ရောက်နိုင်ခဲ့သူ ဦးရေ ၄ဝ ကျော်ထဲမှာ ပါဝင်ခဲ့ကြောင်း၊ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် ၁၄ ခုကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့သူတွေထဲမှာ အမျိုးသားများပြီး အမျိုးသမီး အနည်းငယ်သာရှိခဲ့ပါတယ်။
နော်ဝေး တောင်တက်သမားက "ကျွန်တော်ဟာ လက်ရှိအချိန်မှာ ကမ္ဘာတဝန်းရှိ တောင်ပေါင်း ၁၄ တောင်ရဲ့ထိပ်ကို အောင်မြင်စွာတက်ထားနိုင်ပေမယ့် သမိုင်းစံချိန်တွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ အရာရာတိုင်းကို ပြောင်းလဲဖို့ လိုလားမှုရှိနေတာအမှန်ပါ" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်မီး အခက်အခဲကြောင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများ တစ်ရက်လျှင် (၄)နာရီသာ လည်ပတ်နိုင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ