စစ်ရေးနည်းလမ်းအသုံးပြုခံရမယ်လို့ ခြိမ်းခြောက်ခံရပြီးနောက် ရုရှားကြေးစားတပ်ဖွဲ့ကို နိုင်ဂျာအာဏာသိမ်းအုပ်စု အကူအညီများ တောင်းခံ
ဂျန်ဇက် (NSS) - သြဂုတ် ၆
အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး စစ်ရေးအရအရေးယူခံရမယ်လို့ ခြိမ်းခြောက်ခံရပြီးနောက် နိုင်ဂျာအာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရုရှားကြေးစားတပ်ဖွဲ့ Wagner အုပ်စုထံ အကူအညီများတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်အနေနဲ့ ရာထူးက ဖြုတ်ချထားတဲ့သမ္မတကို အာဏာပြန်လည်အပ်နှင်းမလား ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေရဲ့စစ်ရေးအရ အရေးယူခြင်းခံမလားဆိုတဲ့ သတိပေးခြိမ်းခြောက်မှုများ ရင်ဆိုင်နေရ ကြောင်း သိရပါတယ်။
အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအုပ်စုက နိုင်ဂျာ စစ်ခေါင်းဆောင်ကို သတိပေးချက်များထုတ်ပြန်ခဲ့ပြီး စစ်ရေးနည်းလမ်းသုံးခြင်းတွေ အသုံးပြုဖို့ ကြိုတင်ပြင်ဆင်တာမျိုးတွေ လုပ်ဆောင်နေကြောင်း ဆိုပါတယ်။
နိုင်ဂျာစစ်တပ်ရဲ့ဗိုလ်ချုပ်ဆာလီဖူမိုဒီဟာ အိမ်နီးချင်း မာလီနိုင်ငံကို သွားရောက်ချိန်အတွင်း ရုရှားကြေးစားတပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အေပီသတင်းဌာန က ဆိုပါတယ်။
အေပီသတင်းထောက် Wassim Nasr,က "နိုင်ဂျာစစ်တပ်ဟာ အာဏာဆက်ထိန်းထားနိုင်ဖို့ Wagner အုပ်စုရဲ့အကူအညီတွေ လိုအပ်နေတယ်" လို့ ပြောပါတယ်။
အဆိုပါသတင်းနဲ့ပတ်သက်ပြီး Wagner အပြင် ရုရှားအစိုးရတပ်ဖွဲ့က တစ်စုံတစ်ရာမှတ်ချက်ပြု ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။ ရုရှားအစိုးရက နိုင်ဂျာပြည်တွင်းရေးကို ပြည်ပနိုင်ငံများကြားဝင်စွက်ဖက်ခြင်းဟာ အခြေအနေတွေကို တိုးတက်ကောင်းမွန်လာမှာမဟုတ်ကြောင်း ပြောပါတယ်။ Wagner အုပ်စုခေါင်းဆောင် ပရီဂိုဇင်ကတော့ "နိုငိဂျာနိုင်ငံမှာဖြစ်ပွားတဲ့ အာဏာသိမ်းမှုဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့အမြတ်ထုတ်မှုကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့တရားမျှတဲ့ပုန်ကန်မှုဖြစ်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာစီလိုနာအသင်းနှင့်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်း၏ ကစားသမား ၁၈ ဦးစာရင်းကို MFF ထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ