တရုတ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဒဏ်ကို လူပေါင်း(၁၆)သန်းနီးပါး ခံစားခဲ့ရဟုဆို
Pika (NSS) - ဩဂုတ် ၅
တရုတ်နိုင်ငံတွင် လူပေါင်း(၁၆)သန်းနီးပါးဟာ သဘာဝဘေးအန္တရာယ်ဒဏ်ကိုခံခဲ့ရပြီး ဇူလိုင်လတွင်သေဆုံးသူဦးရေ(၁၄၇)ဦးထိရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်ဒဏ်များကြောင့် လူပေါင်း(၇၀၃၀၀၀)ကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရပြီး ပြန်လည်နေရာချထားမှုများ လုပ်ဆောင်ပေးခဲ့ရကြောင်းသိရသည်။ သဘာဝဘေး အန္တရာယ်များကြောင့် အိုးအိမ်အဆောက်အဦး ၄၃၀၀)ခန့် အလုံးစုံပြိုကျပျက်စီးခဲ့ပြီး အိုးအိမ်အဆောက်အဦး(၄၈၄၀၀)မှာ ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်းသိရသည်။
သဘာဝဘေးဒဏ်များကြောင့် လယ်ယာမြေဟက်တာထောင်ပေါင်းများစွာထိခိုက်ခဲ့ပြီး စီးပွားရေးပိုင်းတွင် ယွမ်ငွေကြေး(၄၁)ဘီလျံခန့်ဆုံးရှုံးခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုများ နှင့် ရေကြီးမှုများကြောင့် ပြည်နယ်အများအပြားတွင် အရေးပေါ်အခြေအနေအဆင့်(၄)အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများကို ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များလည်း စေလွှတ်ထားကြောင်းသိရသည်။ ဘေဂျင်း၊ Tianjin နှင့် He bei ဒေသတို့တွင် ပျက်စီးသွားသော အခြေခံအဆောက်အဦးများကို ပြန်လည်ပြုပြင်ရန်နှင့် ရေကြီးမှုများကို ကာကွယ်ရန်ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရေအရင်းအမြစ် ဝန်ကြီးဌာနတို့က ယွမ်သန်း(၄၅၀)ခွဲဝေချပေးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက ယခုနှစ်ဩဂုတ်လတွင် အဆိုပါဒေသများမှာ မိုးပိုမိုရွာသွန်းနိုင်ဖွယ်ရှိနေကြောင်း ခန့်မှန်းထားပြီး အပူချိန်များလည်း ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြကြောင်းသိရသည်။ ပြီးခဲ့သည့်သီတင်းပတ်က တရုတ်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း Doksuri ဝင်ရောက်တိုက်ခတ်ပြီးနောက် နှစ်ပေါင်း(၁၄၀)အတွင်း စံချိန်တင်မိုးရွာသွန်းမှုများကို ကြုံတွေ့ခဲ့ရကြောင်းသိရသည်။ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင် (၁၀)ရက်ကြာ အပူလှိုင်းများဖြတ်သန်းမည်ဟု ခန့်မှန်းထားကြပြီး အချို့နေရာများတွင် အပူချိန်သည် (၄၀)ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိနိုင်ကြောင်း အာဏာပိုင်များကသတိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးလောင်ပျက်စီးခဲ့သည့် မော်လမြိုင်မြို့ရှိ အထက(၉)ကျောင်း၌ ကျောင်းသား(၃၀၀၀)နီးပါးကို စာသင်ချိန်နှစ်ချိန်ခွဲကာ သင်ကြားပေးမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ