ဘာစီလိုနာအသင်းအနေဖြင့် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူလိုပါက သင့်လျော်သောကမ်းလှမ်းမှုလုပ်ရမည်ဟု မန်စီးတီးနည်းပြပြော
Pika (NSS) - ဩဂုတ် ၅
ဘာစီလိုနာအသင်းအနေဖြင့် မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူလိုပါက သင့်လျော်သောကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်သင့်ကြောင်း မန်စီးတီးနည်းပြးဂွါဒီယိုလာက သတိပေးပြောဆိုခဲ့သည်။
ဘာနာဒိုဆေးလ်ဗားသည် ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသော်လည်း မန်စီးတီးအသင်းတာဝန်ရှိသူများသည် ဘာနာဒိုဆေးလ်ဗားအတွက် ကမ်းလှမ်းမှုများကို လက်ခံရရှိခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ဘာနာဒိုဆေးလ်ဗားသည် မန်စီးတီးအသင်းမှ ထွက်ခွါရန် စိတ်အားထက်သန်နေပါက ၎င်း၏လမ်းတွင် ပိတ်ရပ်နေမည်မဟုတ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောကြားခဲ့သည်။
ထို့ပြင် ဘာနာဒိုဆေးလ်ဗာ၏ အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၈၀)ဝန်းကျင် ခန့် မှန်းထားကြောင်း ဂွါဒီယိုလာကပြောကြားခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်အထိ ဘာနာဒိုဆေးလ်ဗားအတွက် သင့်လျော်သော ကမ်းလှမ်းမှုမျိုးမရှိသေးကြောင်း နည်းပြဂွါဒီယိုလာက အတည်ပြုပြောဆိုခဲ့သည်။
မန်စီးတီးနည်းပြဂွါဒီယိုလာက"အသင်းကနေထွက်ခွါဖို့ စိတ်အားထက်သန်နေတဲ့ ကစားသမားတွေကို ကျွန်တော်မလိုချင်ပါဘူး။ ကျွန်တော်တို့နဲ့ ရှိနေချင်တဲ့သူတွေနဲ့ပဲ လက်တွဲသွားချင်ပါတယ်။ ကျွန်တော်သူတို့လမ်းမှာ ပိတ်ရပ်နေမှာ မဟုတ်ပါဘူး၊၊ ဒါပေမယ့် ထွက်ခွါချင်တဲ့ကစားသမားတွေဟာ အသင်းနဲ့ သဘောတူညီမှုတော့ရအောင် လုပ်ရပါမယ်။ပြီးတော့ သင့်လျော်တဲ့ ကမ်းလှမ်းမှုတစ်ခုလည်းရှိမှရမှာပါ။သင့်လျော်တဲ့ ကမ်းလှမ်းမှုတွေ မရရှိဖူးဆိုရင် ထွက်ခွါချင်တဲ့ ကစားသမားတွေဟာ ကျွန်တော်တို့ ကစားသမားတွေပဲဖြစ်နေဦးမှာပါ"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမဲသားသွားရောင်းသည့် အုပ်ချုပ်ရေးမှုး သေနတ်ဖြင့်ပစ်သတ်ခံရမှု နတ်မောက်မြို့တွင် ဖြစ်ပွား
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း