မြန်မာ့စီးပွားရေးဘဏ်များတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ (၃၅၀)အတွက် ဝန်ထမ်းများခေါ်ယူ
စော (NSS) - ဩဂုတ်၄
မြန်မာ့စီးပွားရေးဘဏ်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး နှင့် စာရင်းကိုင် (၄) ရာထူးနေရာ (၃၅၀)အတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့(ဩဂုတ်လ ၄ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာများ၌ အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
အဆိုပါရာထူးနေရာ (၃၅၀)ဦးအနက် နေပြည်တော်တွင် (၃၈)ဦး ၊ ကချင်ပြည်နယ်တွင် (၁၉)ဦး၊ ကယားပြည်နယ်တွင် (၇)ဦး၊ ကရင်ပြည်နယ်တွင် (၁၁)ဦး၊ ချင်းပြည်နယ်တွင်(၁၈)ဦး၊ မွန်ပြည်နယ်တွင် (၁၀)ဦး၊ ရခိုင်ပြည်နယ်တွင် (၃)ဦးနှင့် ရှမ်းပြည်နယ်တွင်(၃၉)ဦးတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းတွင်(၃၇)ဦး၊ တနင်္သာရီတိုင်းတွင် (၁၆)ဦး၊ ပဲခူးတိုင်းတွင် (၂၅)ဦး၊ မကွေးတိုင်းတွင် (၂၁)ဦး၊ မန္တလေးတိုင်းတွင် (၃၂)ဦး၊ ရန်ကုန်တိုင်းတွင် (၇၀)ဦးနှင့် ဧရာဝတီတိုင်းတွင် (၄)ဦးတို့ကိုလည်း ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရန်လိုအပ်ပြီး စီးပွားရေး၊ ဥပဒေ၊ အင်္ဂလိပ် နှင့် ကွန်ပျူတာဘွဲ့ရရှိသူကို ဦးစားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် လျှောက်ထားလိုသူများအနေဖြင့် ဇူလိုင်လကုန်တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၈)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာများကို စာစစ်ဌာန (မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင် ရာတိုင်းဒေသကြီး/ပြည်နယ်ရုံး)များတွင် ရယူနိုင်ပြီး စက်တင်ဘာလ (၈)ရက် နောက်ဆုံးထား၍ မိမိတို့လျှောက်လွှာရယူခဲ့သည့် စာစစ်ဌာနများသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများကို စက်တင်ဘာလ (၁၆)ရက်နှင့် (၁၇)ရက်များတွင် အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲအပြင် ကွန်ပျူတာနှင့် အထွေထွေဗဟုသုတကို လူတွေ့ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖြေဆိုခွင့်ကဒ်ပြားများကို စက်တင်ဘာလ (၁၄)ရက်နှင့် (၁၅)ရက်များတွင် ကာယကံရှင်ကိုယ်တိုင် မှတ်ပုံတင်မူရင်းနှင့်အတူ မိမိတို့ လျှောက်လွှာထုတ်ယူခဲ့သည့် ဌာနများ၌ ရုံးချိန်အတွင်း လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AI နည်းပညာကြောင့် အလုပ်သမားများ၏ အနာဂတ် ပိုမိုမရေမရာဖြစ်လာနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ