ဖြူထိုင်းပါတီ ဦးဆောင်ပြီး အစိုးရအသစ်ဖွဲ့စည်းပြီးချိန်မှသာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်တော်ပြန်လာဖွယ်ရှိနေ
ဂျန်ဇက် (NSS) - သြဂုတ် ၄
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ထိုင်းနိုင်ငံကို ပြန်လာရေးအစီအစဉ်ဟာ ဖြူထိုင်းပါတီဦးဆောင်ပြီး ထိုင်း အစိုးရအသစ်ဖွဲ့စည်းပြီးချိန်မှာသာ ဖြစ်လာဖွယ်ရှိနေတယ်လို့ ဖြူထိုင်းပါတီနဲ့နီးစပ်သူသတင်းအရင်းမြစ်က ပြောပါ တယ်။
ပြည်ပြေးအဖြစ်နေထိုင်နေရတဲ့ သက်ဆင်ဟာ သြဂုတ် ၁ဝ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လာဖွယ်ရှိနေတယ်လို့ သက်ဆင်ရဲ့သမီးဖြစ်သလို ဖြူထိုင်းပါတီခေါင်းဆောင်ဖြစ်တဲ့ ပီတွန်တန် ရှင်နာဝါထရာက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကျင်းပမှုကို ရွှေ့ဆိုင်းလိုက်ပြီးနောက် သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လာမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံးရရှိထားတဲ့ ဖြူထိုင်းပါတီဟာ လက်ရှိအချိန်မှာ ဝန်ကြီးချုပ်လောင်း အမည်စာရင်းတင်သွင်းခွင့်ရရှိထားပြီး ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အမည်စာရင်းတင်သွင်းဖွယ်ရှိနေပါတယ်။ သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ လူကြိုက်အများဆုံးပါတီတစ်ခုဖြစ်တဲ့ ဖြူထိုင်းပါတီကို ဦးဆောင်တည်ထောင်ခဲ့သူ ဖြစ်ပြီး သက်ဆင် အပြင် သက်ဆင်ရဲ့ညီမဖြစ်သူတို့ဟာ ဖြူထိုင်းပါတီကိုယ်စားပြုပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ် ခန့်အပ်ခံရဖူးကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီဟာ လက်ရှိအချိန်မှာ ဝန်ကြီးချုပ်ရွေးချယ်ပွဲအတွင်း အထက်လွှတ်တော်ကိုယ်စားလှယ်များအပြင် အခြားပြိုင်ဘက် ပါတီတွေရဲ့ထောက်ခံမဲကို ရယူနိုင်ဖို့ ရှေ့သို့ချီပါတီဦးဆောင်တဲ့ ၈ ပါတီညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ပြီး၊ အခြားနိုင်ငံရေးပါတီများနဲ့ ညွန့်ပေါင်းအဖွဲ့အသစ်တည်ထောင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ထိုင်း ရှပ်နီအုပ်စုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Pichit Tamoon က "သက်ဆင်ဟာ ထိုင်းနိုင်ငံကို အချိန်မရွေးပြန်လာ မယ်လို့ မထင်ပါဘူး။ ဘေးကင်းလုံခြုံမှုမရှိဘဲ ပြန်လာမှာ မဟုတ်ဘူး။ ထိုင်းနိုင်ငံမှာ သက်ဆင်ကို မုန်းတီးနေသူတွေ ရှိနေသေးတယ်" လို့ ပြောပါတယ်။
ထိုင်းရဲချုပ်ကလည်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေနဲ့ ထိုင်းနိုင်ငံကို ပြန်လာမယ့်အချိန်ကို ရဲတပ်ဖွဲ့ထံ အတည်ပြုပေးထားခြင်းမျိုး မရှိသေးကြောင်း ပြောပါတယ်။
သက်ဆင်ဟာ ၂ဝဝ၈ ခုနှစ်မှာ ပြည်ပကိုထွက်ပြေးခဲ့ပြီး အဲဒီနောက်ပိုင်းကတည်းက ပြည်ပမှာ နေထိုင်လျက်ရှိနေ ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်မှုကို သတင်းပေးသူအား တပ်ရိုက်သည့်ဒဏ်ကြေးငွေ၏ (၃၀)ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ချီးမြှင့်မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ