ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအနေဖြင့် ကဏ္ဍပေါင်းစုံကို ပြီးပြည့်စုံစွာ ဆောင်ရွက်ထားပါက တစ်လအတွင်း လိုင်စင်ခွင့်ပြုပေးဟုဆို
ယွန်း (NSS) - သြဂုတ် ၄
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ ကဏ္ဍပေါင်းစုံကို ပြီးပြည့်စုံစွာ ဆောင်ရွက်ထားပါက တစ်လအတွင်း လိုင်စင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သြဂုတ်လ(၃) ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆောင်ရွက်ထားရှိရမည့် ကဏ္ဍပေါင်းစုံအား ပြီးပြည့်စုံရန် ဆောင်ရွက်ထားမှသာ ဗဟိုအဖွဲ့အနေဖြင့် တစ်လအတွင်း လိုင်စင်ကို ခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့် ရှောက်မှုပေးရန်၊ လူနာများဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ထားရန် ဒေါက်တာသက်ခိုင်ဝင်းက အသိပေးပြောကြားထားသည်။
အလားတူ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရန်၊ အခြားဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ထားရှိရန် ၎င်းက တိုက်တွန်းပြောကြာခဲ့သည်။
ထို့ပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် အချက်အလက်များ ပြည့်စုံစွာဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့ကိုလည်း အထူးအလေး ထားစီစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အထွေထွေရောဂါကုဆေးခန်း ၅၁၂၄ ခု၊ အထူးကုဆေးခန်း ၁၀၀၂ ခု၊ အထွေထွေရောဂါကုဆေးရုံ ၂၇၀ ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်ခြင်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနမှ အသိပေးထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ဇွန်လ (၁)ရက်အထိ ပုဂ္ဂလိကဆေးရုံ (၂၆၆)ရုံကို လိုင်စင်ခွင့်ပြုပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း ထူးခြားသတင်းများ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ