နေတိုးအဖွဲ့ရဲ့အာရှဒေသကို နယ်မြေချဲ့ထွင်ခြင်းမယ့်လုပ်ရပ်များကို မထောက်ခံဖို့ ဂျပန်နိုင်ငံကို တရုတ်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - သြဂုတ် ၄
ဂျပန်နိုင်ငံနဲ့နေတိုးအဖွဲ့အတွင်းရှိ နိုင်ငံများအနေနဲ့ သမိုင်းသင်ခန်းစာများ လေ့လာသင်ယူဖို့လိုအပ်ကြောင်း၊ အာရှဒေသကို နေတိုးမဟာမိတ်အဖွဲ့ တိုးချဲ့လာခြင်းမျိုးမဖြစ်သင့်ကြောင်း တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။
ကမ္ဘာ့အရှေ့ပိုင်းဒေသတွေမှာ အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုရဲ့လုပ်ရပ်တွေဟာ သိုးခြံထဲကို ဝင်ဖို့ကြိုးပမ်းနေ တဲ့ ဝံပုလွေနဲ့တူညီနေကြောင်း၊ ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
တရုတ်သံအမတ်ကြီး Zhang Hanhui က တရုတ်အစိုးရအနေနဲ့ အရှေ့အာရှ နဲ့ အာရှပစိဖိတ်ဒေသတွေကို နေတိုးအဖွဲ့ တိုးချဲ့လာမယ့်အန္တရာယ်နဲ့ပတ်သက်ပြီး ကြိုတင်သတိပေးထားကြောင်း ပြောပါတယ်။
၎င်းက "ဂျပန်နိုင်ငံ နဲ့ အခြားနိုင်ငံတွေဟာ သမိုင်းသင်ခန်းစာတွေကို အပြည့်အ၀ လေ့လာသင်ယူဖို့ လိုအပ်တယ်။ ဂျပန်နိုင်ငံနဲ့ နေတိုးအုပ်စုဝင်နိုင်ငံတွေဟာ အခြားနိုင်ငံတွေရဲ့တည်ရှိမှုကို ထည့်သွင်းစားမှုမရှိဘဲ ဒေသအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့ကို တစ်ဖတ်သတ် ထိခိုက်နစ်နာအောင်လုပ်ဆောင်နေတယ်။ နေတိုးအဖွဲ့ရဲ့ အာရှတိုက်အရှေ့ပိုင်းဒေသများကို နယ်မြေချဲ့ထွင်မှုတွေကို အားပေးထောက်ခံတာမျိုး မဖြစ်သင့်ဘူး။ နေတိုးအဖွဲ့ ဟာ သိုးခြံဝင်ဖို့ ကြိုးပမ်းနေတဲ့ ဝံပုလွေနဲ့တူညီနေတယ်။ သိုးခြံထဲကိုရောက်ရှိလာရင်တော့ ဝံပုလွေဟာ သိုးတွေကို ကိုက်တော့မှာ ဖြစ်တယ်" လို့ ပြောပါတယ်။
နေတိုးမဟာမိတ်အဖွဲ့ဟာ ဂျပန်နိုင်ငံမှာ ရုံးခွဖြွင့်လှစ်ဖို့ စဉ်းစားနေကြောင်း ဒီနှစ်အစောပိုင်းက သတင်းထုတ်ပြန် ခဲ့ပြီး နေတိုးအဖွဲ့ရုံးဖွင့်လှစ်နိုင်မယ်ဆိုရင် အာရှဒေသအတွင်းမှာ ပထမဆုံးဖွင့်လှစ်တဲ့ နေတိုးအဖွဲ့ရုံးဖြစ်လာဖွယ်ရှိနေပါတယ်။ နေတိုးအဖွဲ့ဝင် ပြင်သစ်နိုင်ငံကတော့ အာရှဒေသမှာ နေတိုးအဖွဲ့ရုံးဖွင့်လှစ်မယ့်အစီအစဉ်ကို ကန့်ကွက်ထားပြီးနေတိုးအဖွဲ့အနေနဲ့ နယ်မြေတိုးချဲ့မယ့်အစား မြောက်အတ္တလန္တာတိတ်ဒေသအတွင်းမှာသာ ရှိနေသင့်ကြောင်း ပြောထားပါတယ်။
တရုတ်နိုင်ငံဟာ နေတိုးအဖွဲ့ရဲ့အာရှဒေသအတွင်း နယ်မြေတိုးချဲ့မယ့်အစီအစဉ်ကို အခိုင်အမာကန့်ကွက်ဆန့်ကျင်နေပြီး ၎င်းတို့နယ်စပ်နားအထိ တိုးချဲ့လာမယ်ဆိုရင် အလုံးစုံတုံ့ပြန်သွားမှာဖြစ်ကြောင်းပြောပါတယ်။
တရုတ်အစိုးရက အာရှပစိဖိတ်ဒေသကို နေတိုးမဟာမိတ်အဖွဲ့ နယ်မြေတိုးချဲ့လာခြင်းကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ဘေးကင်းလုံခြုံမှုတွေရှိစေဖို့ ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအနေဖြင့် ကဏ္ဍပေါင်းစုံကို ပြီးပြည့်စုံစွာ ဆောင်ရွက်ထားပါက တစ်လအတွင်း လိုင်စင်ခွင့်ပြုပေးဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ