နေ့စဉ် ၃ ကီလိုမီတာကိုလမ်းလျှောက်သွားပြီး နဝမတန်းကို တက်ရောက်နေတဲ့ အဘိုးအို
ဂျန်ဇက် (NSS) - သြဂုတ်လ ၃
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Champhai ဒေသရှိ ကျေးရွာတစ်ရွာက အဘိုးအိုတစ်ဦးဟာ အသက် ၇၈ နှစ်အရွယ် ရှိပေမယ့် နဝမတန်း(၉)တန်းကို တက်ရောက်နိုင်ဖို့ အိမ်ကနေ ၃ ကီလိုမီတာအကွာအဝေးရှိ စာသင်ကျောင်းကို နေ့စဉ်ကျောင်းသွားတက်ရောက်ခဲ့ရာ လူအများစိတ်ဝင်စားအံအားသင့်နေကြောင်း သိရပါတယ်။
မီဇိုရမ်ပြည်နယ် Khuangleng ရွာမှာနေထိုင်တဲ့အဘိုးအို Lalringtharaဟာ ငယ်စဉ်ကလေးဘဝက ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့အတွက် မိခင်ဖြစ်သူကို ကူညီပေးနိုင်အောင် ကျောင်းထွက်ခဲ့ရပြီး ဘဝကို ခက်ခဲစွာရုန်းကန်ခဲ့ရ ကြောင်း သိရပါတယ်။ ၁၉၄၅ ခုနှစ်က မွေးဖွားခဲ့တဲ့အဘိုးအိုဟာ ငယ်စဉ်က ကျောင်းထွက်ခဲ့ရပေမယ့် ပညာ ပြန်လည်သင်ကြားခွင့်ရရှိရေးမျှော်လင့်ချက်ကို စွန့်လွတ်ခဲ့ခြင်းမျိုးမရှိကြောင်း ဆိုပါတယ်။
အဆိုပါ အဘိုးအိုက "အသက်အရွယ်က ကျွန်တော် ပညာသင်ကြားရေးကို တားဆီးဟန့်တားလို့ မရဘူး။ ကျောင်းပြန်တက်ခွင့်ရဖို့ နေ့စဉ် သုံးကီလီုမီတာအကွာအဝေးကို လမ်းလျှောက်သွားနေရတယ်" လို့ ပြောပါတယ်။
အဘိုးအိုဟာ ကျောင်းပြန်အပ်ချိန်မှာ ငါးတန်းတက်ရောက်ဖို့ ပြန်လည်အပ်နှံ့ခဲ့ပြီး ကျောင်းတက်ဖို့ ကြိုးပမ်းရာမှာ အခက်အခဲများစွာတွေ့ကြုံရင်ဆိုင်ခဲ့ရပေမယ့် အောင်မြင်စွာကျော်ဖြတ်နိုငခဲ့ကြောင်း ပြောပါတယ်။ အဘိုးအိုရဲ့ ကြိုးစားသင်ယူမှုမျာကြောင့် ကျေးရွာမှာဖွင့်လှစ်ထားတဲ့ ကျောင်းကနေ ၈ တန်းအောင်မြင်ခဲ့ပြီး Rashtriya Madhyamik Shiksha Abhiyan အထက်တန်းကျောင်းကို ထပ်မံတက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
အဆိုပါ အထက်တန်းကျောင်းက ဆရာ၊ဆရာမတွေ နဲ့ တာဝန်ရှိသူတွေဟာ အဘိုးအို ကျောင်းလာအပ်ချိန်မှာ အံ့အားသင့်ခဲ့ရပေမယ့် စာအုပ်တွေနဲ့ ယူနီဖောင်းတွေ ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။ အဘိုးအိုက ၎င်းအနေနဲ့ အင်္ဂလိပ်စာကို ပိုမိုစိတ်ဝင်စားကြောင်း၊ အင်္ဂလိပ်ဘာသာစကားနဲ့ လျှောက်လွာများကို ရေးတတ်ဖို့အပြင် တီဗွီတွေ မှာလာတဲ့ ရုပ်သံဇာတ်လမ်းတွေမှာ အင်္ဂလိပ်စာတန်းတွေကို ဖတ်ရှုနားလည်ဖို့ ဆန္ဒပြင်းပြနေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်မှဖမ်းဆီးခေါ်ဆောင်ခံရပြီး သေနတ်ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးမှု မြင်းခြံမြို့တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ