နေအိမ်မှဖမ်းဆီးခေါ်ဆောင်ခံရပြီး သေနတ်ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးမှု မြင်းခြံမြို့တွင်ဖြစ်ပွား
NSS - ဩဂုတ် ၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် မြင်းခြံမြိုနယ်၊ သင်ပြွန်းကျေးရွာနှင့် ကျီးပင်ကန်ကျေးရွာသွားလမ်းဘေးရှိ သရက်ခြံအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
သင်ပြွန်းကျေးရွာတွင်နေထိုင်သည့် ဦးမြင့်ထီသည် ၎င်း၏နေအိမ်၌ တစ်ရွာတည်းနေ မခိုင်ဇင်မိုးနှင့် အတူရှိနေစဉ် PDF အဖွဲ့အင်အား (၅)ဦးခန့်က ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိလာပြီး ၎င်းတို့(၂)ဦးအား သင်ပြွန်းကျေးရွာနှင့် ကျီးပင်ကန်ကျေးရွာသွားလမ်းဘေးရှိ သရက်ခြံအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့နောက် ၎င်းတို့နှစ်ဦးအား သေနတ်၊ ဓားများဖြင့်ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် သင်ပြွန်းကျေးရွာတွင်နေထိုင်သည့် ဦးမြင့်ထီ(၄၅)နှစ်နှင့် မခိုင်ဇင်မိုး(၃၀)နှစ်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပရောက်မြန်မာလုပ်သားများ၏ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်မှ တစ်ဆင့် မိသားစုထံပြန်လည်လွှဲပို့နိုင်ရေး ဝန်ကြီးဌာနစီစဥ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း