ပြည်ပရောက်မြန်မာလုပ်သားများ၏ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်မှ တစ်ဆင့် မိသားစုထံပြန်လည်လွှဲပို့နိုင်ရေး ဝန်ကြီးဌာနစီစဥ်နေ
ယွန်း (NSS) - သြဂုတ် ၃
ပြည်ပရောက်မြန်မာလုပ်သားများ၏ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်များမှတစ်ဆင့် ပြန်လည်လွှဲပို့နိုင်ရေးစီစဥ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထားသည်။
ပြည်ပရောက်မြန်မာအလုပ်သမားများအနေဖြင့် မိသားစုထံ ပြန်လည်လွှဲပြောင်းငွေများကို တရားဝင်ဘဏ်စနစ်ဖြင့်သာ လွှဲပြောင်းရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်သည်။
လက်ရှိတွင် ပြန်လည်လွှဲပို့သည့် မိသားစုငွေများကို တရားဝင်ဘဏ်စနစ်များမှတစ်ဆင့် အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်း ပြန်လည်လွှဲပို့နိုင်ရေးနှင့် ပတ်သက်ပြီး စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများ၏ လိုင်စင်အသစ်လျှောက်ထားခြင်း ကိစ္စရပ်များအတွက် ပြည်ပနိုင်ငံများတွင် အလုပ်သမားရေးရာကိစ္စများ ပေါ်ပေါက်လာပါက တာဝန်စေလွှတ်သည့် အေဂျင်စီအနေဖြင့် အပြည့်အဝကာကွယ်နိုင်ရေးကိုလည်း ထည့်သွင်းအသိပေးထားသည်။
အလားတူ အမည်ခံအေဂျင်စီနှင့် မမှန်မကန်လုပ်ဆောင်နေသည့် အေဂျင်စီများကို တားဆီးကာကွယ်ရေးအတွက် အမှန်တကယ်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် အေဂျင်စီများသာ လိုင်စင်အသစ်လျှောက်ထားနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်အထိ အေဂျင်စီအစီအစဥ် အပါအဝင် မိမိအစီအစဥ်ဖြင့် ပြည်ပနိုင်ငံ(၈၂)နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား (၂၁၆ဝဝဝ)ကျော်ကို OWIC ကတ်ဖြင့် စေလွှတ်နိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးခေါင်ရေရှားမှု ဆိုးရွားနေသော မက္ကဆီကိုတွင် မိုးရွာသွန်းစေရန် တမင်ဖန်တီးသည့် နည်းပညာအပေါ် အငြင်းအခုံ ဖြစ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ