ဂရမ်မီဆုရှင် အဆိုတော်လစ်ဇိုက ၄င်းရဲ့ဝန်ထမ်းတွေအပေါ် လိင်ပိုင်းဆိုင်ရာအရှက်ခွဲခြင်း၊ ညစ်ညမ်းတဲ့ လိင်ပိုင်းဆိုင်ရာအပြုအမူများ အတင်းအကြပ်လုပ်ခိုင်းစေခြင်းနဲ့ တရားစွဲခံရ
ရောင်နီ (NSS) - သြဂုတ် ၃
ဂရမ်မီဆုရှင် အဆိုတော်လစ်ဇိုဟာ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး အရှက်ခွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစေ သောအပြုအမူများ အပါအဝင် ရန်လိုတဲ့ အလုပ်ပတ်ဝန်းကျင်ဖန်တီးမှုတွေပြုလုပ်ခဲ့တယ်လို့ သူမရဲ့ အကသမားဟောင်းသုံးဦးက အင်္ဂါနေ့(သြဂုတ်လ ၁ ရက်) မှာ တရားစွဲဆိုခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်ကောင်တီ အထက်တရားရုံးမှာ တရားစွဲခဲ့ခြင်းဖြစ်ပြီး လစ်ဇို (နာမည်ရင်း မာလီဆာဗီဗိန်းဂျက် ဖာဆွန်)နဲ့အတူ တရားစွဲ ခံရသူတွေထဲမှာ သူမရဲ့ထုတ်လုပ်ရေးကုမ္ပဏီ Big Grrrl Big Touring Inc နဲ့ သူမရဲ့ အကအဖွဲ့မှူး မစ္စရှာလိန်းကွစ်ဂ်လေးတို့လည်း ပါဝင်ခဲ့ပါတယ်။ တရားစွဲဆိုသူတွေကတော့ လစ်ဇိုရဲ့ အကသမား ဟောင်းတွေဖြစ်တဲ့ အရီရာနာဒေးဗစ်၊ ခရစ်စတယ်ဝီလျံ၊ နိုလီရိုဒရီဂတ်ဇ်တို့ဖြစ်ပြီး တိုင်ကြားစာမှာ လိင်၊ ဘာသာ ရေး၊ လူမျိုးနဲ့ မသန်စွမ်းမှုတွေအပေါ် အခြေခံတဲ့နှောင့်ယှက်မှုတွေ ပါဝင်ပါတယ်။ တရားစွဲဆိုမှုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းက နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်ရှိ ဝတ်လစ်စလစ် ကလပ်တစ်ခုမှာ ကိုယ်လုံးတီး ဖျော်ဖြေသူတွေနဲ့ထိတွေ့ဖို့ အတင်းအကျပ် ဖိအားပေးခံရခြင်း၊ ကိုယ်လုံးတီးဓာတ်ပုံရိုက်ရာမှာ ပါဝင်ဖို့ ဖိအားပေးခံ ရခြင်း၊ မလိုက်နာပါက အလုပ်ဖြုတ်မယ်လို့ ခြိမ်းခြောက်ခြင်းများ ရှိခဲ့တယ်လို့ တရားလိုတွေက ဆိုပါတယ်။
"လစ်ဇို နဲ့ သူမရဲ့စီမံခန့်ခွဲရေးအဖွဲ့က သူတို့ရဲ့ဖျော်ဖြေတင်ဆက်သူတွေကို ဆက်ဆံပုံဟာ သူမပုရိသတ်တွေကို ထုတ်ပြခဲ့တဲ့ ပုံစံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်၊ သူမရဲ့ အကသမားတွေကို အရှက်ခွဲပြီး တရားမ၀င် သိက္ခာမဲ့တဲ့ နည်းလမ်းတွေနဲ့ ဖိအားပေးခြင်းအတွက် ရှုံ့ချပါတယ်" လို့ တရားလိုရှေ့နေ မစ္စတာရွန်ဇန်ဘရာနို က ထုတ်ပြန်ချက် မှာ ဖော်ပြခဲ့ပါတယ်။
အကအဖွဲ့မှူး မစ္စကွင်းလေဟာလည်း မစ္စဒေးဗစ်ရဲ့အပျိုစင်ဘဝအကြောင်းအရာတွေနဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်တွေကို အင်တာဗျူးနဲ့ ဆိုရှယ်မီဒီယာတွေမှာ မစ္စဒေးဗစ်ရဲ့သဘောဆန္ဒမပါဘဲ လူသိရှင် ကြား ထုတ်ဖော်ပြောကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ တရားလိုတွေက အခိုင်အမာ ဆိုပါတယ်။
ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မစ္စလစ်ဇိုက အကြောင်းပြန်ခြင်း မရှိသေးသလို ဝန်မခံသေးပါဘူး။ ဒါပေမယ့် တရားလိုတွေက ဆက်လက်တရားစွဲသွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်မှုကိုမကျေနပ်တဲ့အတွက် ဖြူထိုင်းပါတီရုံးချုပ်မှာ ရှေ့သို့ချီပါတီ အားပေးထောက်ခံသူများ ဆန္ဒပြ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ