ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်မှုကိုမကျေနပ်တဲ့အတွက် ဖြူထိုင်းပါတီရုံးချုပ်မှာ ရှေ့သို့ချီပါတီ အားပေးထောက်ခံသူများ ဆန္ဒပြ
ဂျန်ဇက် (NSS) - သြဂုတ် ၃
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိခဲ့တဲ့ ရှေ့သို့ချီပါတီ Move Forward ကို အားပေးထောက်ခံသူတွေဟာ သြဂုတ် ၂ ရက် ညနေပိုင်းက ဖက်ချာဘူရီလမ်းရှိ ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာ မီးရှို့ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ရှေ့သို့ချီပါတီ ဦးဆောင်နေတဲ့ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကနေ ဖြူထိုင်းပါတီ နှုတ်ထွက်သွားခြင်းကို မကျေနပ်တဲ့အတွက် ရှေ့သို့ချီအားပေးထောက်ခံသူတွေဟာ ဖြူထိုင်းပါတီရုံးချုပ်မှာ လာရောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ရှေ့သို့ချီပါတီကိုအားပေးထောက်သူအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “United Front of Thammasat and Demonstration” ဟာ ဖြူထိုင်းပါတီရုံးချုပ်ကိုလာရောက်ပြီး ယခင်ကလည်း ဆန္ဒပြတောင်းဆိုခဲ့ဖူးကြောင်း၊ အထက်လွှတ်တော် အမတ်တွေ သက်တမ်းကုန်ဆုံးမယ့် လာမယ့်နှစ် မေလအထိ ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်းပါတီ အပါအဝင် ညွန့်ပေါင်း အဖွဲ့မှာ ပါဝင်နေတဲ့ ပါတီများကြား စုစည်းညီညွှတ်စွာနေထိုင်ကြဖို့ တောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီဟာ ရှေ့သို့ချီပါတီ မပါဘဲ အစိုးရအသစ်ဖွဲ့စည်းနိုင်အောင် ကြိုးပမ်းမှုအဖြစ် ၈ ပါတီ ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ ဖြူထိုင်းပါတီဟာ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ခဲ့ပြီးနောက် အခြား အနိုင်ရပါတီတွေနဲ့ မဟာမိတ်ညွန့်ပေါင်းအဖွဲ့အသစ်ကို ဖွဲ့စည်းသွားမယ်လို့သတင်းထုတ်ပြန်ထားပြီး သြဂုတ် ၄ ရက်နေ့မှာ ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်သွားခဲ့ကြောင်းသိရပါတယ်။
သြဂုတ်လ ၂ ရက်နေ့က ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်းအချို့ဟာ ရုပ်တုအချို့ကို မီးရှို့တာ မျိုးတွေလည်းဖြစ်ပွားခဲ့ကြောင်း၊ အချို့ကလည်း ဖြူထိုင်းပါတီရုံးချုပ်ထဲကို ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ ကြောင်း သိရပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်နေသူအများစုဟာ ရှေ့သို့ချီပါတီကို အားပေးထောက်ခံသူများဖြစ်နေ ကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီဟာ ရွေးကောက်ပွဲမှာမဲအများဆုံး အနိုင်ရခဲ့တဲ့ပါတီဖြစ်ခဲ့ပေမယ့် ထိုင်းဘုရင်စနစ် နဲ့ တော်ဝင်မိသားစု တွေအပေါ် ဝေဖန်တိုက်ခိုက်သူတွေကို အပြစ်ပေးမယ့် ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ရာ ထိုင်းကွန်ဆာဗေးတစ်ပါတီအပြင် အထက်လွှတ်တော်ကိုယ်စားလှယ်များနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရကြောင်း သိရပါတယ်။
အဆိုပါထိပ်တိုက်တွေ့ဆုံမှုများကြောင့် ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ရဲ့ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးပမ်းမှုတွေကို ထိုင်းနိုင်ငံရေးပြိုင်ဘက်ပါတီများ နဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်များက ဆန့်ကျင် ကန့်ကွက်ခဲ့ရာ ပီတလင်ဂျာရိုအမ်ရက် ဝန်ကြီးချုပ်ဖြစ်ခွင့်မရဘဲ ဖြစ်ခဲ့ရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားဟက်ကာတွေ အီတလီဘဏ်ဝက်ဘ်ဆိုဒ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အီတလီဆိုက်ဘာလုံခြုံရေးအေဂျင်စီပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ