ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမာနေးကို ပေါင်(၃၅)သန်းဖြင့် ဆော်ဒီအာရေးဗျကလပ် အပြီးသတ်ခေါ်ယူ
Pika (NSS) - သြဂုတ် ၂
ဆော်ဒီအာရေးဗျကလပ်တစ်ခုဖြစ်သော အယ်လ်နာဆာအသင်းသည် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမာနေးကို ပေါင် (၃၅) သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် မာနေးသည် အယ်လ်နာဆာအသင်းနှင့် သုံးနှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး တိုက်စစ်မှူးစီရော်နယ်ဒိုနှင့်အတူ တွဲဖက်ကစားခွင့်ရမည်ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိနွေရာသီတွင် အယ်လ်နာဆာအသင်းသည် အင်တာမီလန်ကွင်းလယ်ကစားသမား မာဆယ်လိုဘရိုဇိုဗစ်၊ မန်ယူနောက်တန်း ကစားသမား Alex Telles နှင့် Lens အသင်းကွင်းလယ်လူ စဲကိုဖိုဖာနာတို့ကိုလည်း ပြောင်းရွှေ့ကြေးပေါင် (၂၅)သန်း စီဖြင့် ခေါ်ယူခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။
မာနေးသည် ပြီးခဲ့သည့်နှစ်တွင် လီဗာပူးလ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ မာနေး က "ဘိုင်ယန် မြူးနစ်အသင်းကနေ ထွက်ခွာရတာက ကျွန်တော့်ကို နာကျင်စေပါတယ်။ ကျွန်တော်က ဒီလိုပုံစံမဟုတ်တဲ့ အဆုံးသတ်တစ်ခုကို လိုချင်ခဲ့တာပါ။ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို အကောင်းဆုံးကူညီနိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီရာသီမှာ ကျွန်တော်အကောင်းဆုံးကစားနိုင်တယ်ဆိုတာကို ဘိုင်ယန်မြူးနစ်အသင်း က လူတိုင်းကို သက်သေပြချင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကျွန်တော်အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပရိသတ်တွေရဲ့အနာဂတ်တွေ အကောင်းဆုံးဖြစ်လာပါစေလို့ပဲ ဆုတောင်းပေးပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၈ ပါတီ ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ပြီး ရှေ့သို့ချီပါတီ နဲ့ ပြိုင်ဘက်အသွင်ပြန်လည်တွေ့မြင်ရမှာဖြစ်ကြောင်း ဖြူထိုင်းပါတီပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း