၈ ပါတီ ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ပြီး ရှေ့သို့ချီပါတီ နဲ့ ပြိုင်ဘက်အသွင်ပြန်လည်တွေ့မြင်ရမှာဖြစ်ကြောင်း ဖြူထိုင်းပါတီပြော
Pika (NSS) - သြဂုတ် ၂
ရှေ့သို့ချီပါတီ ဦးဆောင်နေတဲ့ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကနေ နှုတ်ထွက်ပြီး အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့ ညွန့်ပေါင်းမဟာမိတ်အသစ်ကို ထပ်မံဖွဲ့စည်းသွားဖွယ်ရှိနေကြောင်း ဖြူထိုင်းပါတီခေါင်းဆောင်ဖြစ်သူ Chonlanan Srikaew က သတင်းထုတ်ပြန်လိုက်ပါတယ်။
၎င်းက "ဖြူထိုင်းပါတီဟာ ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ပြီး အစိုးရအသစ်ဖွဲ့စည်းဖို့ အခြားပါတီတွေနဲ့ ညွန့်ပေါင်း ဖွဲ့စည်းဖို့ ရှိနေပါတယ်။ ထိုင်းဘုရင်စနစ်နဲ့ တော်ဝင်မိသားစုတွေအပေါ် ဝေဖန်တိုက်ခိုက်သူတွေကို ပြစ်ဒဏ်ပေး မယ့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲဖို့ ကြိုးပမ်းနေတာမျိူးတွေကိုလက်မခံတဲ့ ပါတီတွေလည်း ရှိနေတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ပုဒ်မ ၁၁၂ ကို ပြောင်းလဲပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ ရှေ့သို့ချီပါတီနဲ့ မဟာမိတ်အဖြစ် မပူးပေါင်းဖို့ တောင်းဆိုတာမျိုးတွေလည်းရှိနေတယ်" လို့ ပြောပါတယ်။
ဒါကြောင့် ရှေ့သို့ချီပါတီဦးဆောင်နေတဲ့ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ခဲ့ခြင်းမျိုးဖြစ်ပြီး ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဆာရက်သာ တာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်သွားမှာဖြစ်ကြောင်း ဖြူထိုင်းပါတီ ခေါင်းဆောင်က ပြောပါတယ်။ ၎င်းက "ကျွန်တော်တို့ပါတီအနေနဲ့ ပုဒ်မ ၁၁၂ကို မပြင်ဆင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်သလို ၈ ပါတီ ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်မှာ မဟုတ်ဘူး။ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရာမှာ လွှတ်တော်အတွင်း ထောက်ခံမဲအပြည့်အဝရဖို့ ကြိုးပမ်းသွားမယ် ရှေ့သို့ချီပါတီကတော့ လွှတ်တော်ထဲမှာ ကျွန်တော်တို့နဲ့ အတိုက်ခံ ပါတီဖြစ်သွားတယ်" လို့ ပြောပါတယ်။
၎င်းတို့ပါတီအနေနဲ့ လာမယ့် သြဂုတ်လ ၄ ရက်မှာ ညွန့်ပေါင်းအဖြစ် ဘယ်ပါတီတွေနဲ့ ပူးပေါင်းဖွဲ့စည်းမလဲဆိုတဲ့အချက်ကို ကြေညာသွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
iPhone14 ဝယ်ယူရန်အတွက် ရှစ်လသားအရွယ်ကလေးငယ်ကို ရောင်းချခဲ့တဲ့ အိန္ဒိယစုံတွဲ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ