မိုးဆက်တိုက်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်ကာ သထုံမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ရေကြီးနစ်မြုပ်နေ
NSS - ဩဂုတ် ၂
ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာပြီး သထုံမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဩဂုတ်လ၂ ရက်နံနက်ပိုင်းတွင် သထုံမြိုနယ်၊ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ရေကြီးနစ်မြုပ်မှုများကြောင့် လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲများက ရေဝင်ရောက်နေသည့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း နေထိုင်သူများကို ရွှေ့ပြောင်းကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။
“သထုံမှာ ဘီလင်းမြစ်နဲ့နီးတဲ့ဒေသတွေမှာ မိုးကောင်းတဲ့နှစ်တိုင်းရေကြီးပါတယ်။ အဓိက ရေကြီးရတဲ့အကြောင်းရင်းက မြစ်ရေတက်လာရင်ရွာတွေထဲမှာရေမဆင်းတော့ဘဲ ရေမြုပ်ကုန်တာပါ”ဟု နှောင်ကြိုးမဲ့လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အလားတူ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာလုံးကျွတ်နီးပါး ရေလွှမ်းမိုးမှု ဒဏ်ခံစားနေရပြီး နေအိမ်များ လုံးဝနေထိုင်၍ မရသည်အထိ ရေလွှမ်းမိုးမှု ဖြစ်ပေါ်လျက်ရှိပြီး ကယ်ဆယ်ရေး အကူအညီများလည်း လိုအပ်လျက်ရှိကြောင်းသိရသည်။
ဘီးလင်းမြို့ ကန်သာယာ၊ ဆရာစံ၊ ဘိုးလှကြီးရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများ၊ ရွှေလှေကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ အစရှိသည့်နေရာများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွှတ်တော် အထမြောက်ရန် နှင့် သမ္မတ၊ ဒုသမ္မတ ရွေးချယ်ရေးတို့ကို ဆောင်ရွက်နိုင်သော်လည်း တပ်မတော်က အတင်းလုပ်ယူသည့်ပုံရိပ်ဖြစ်သွားနိုင်ဟု တပ်ချုပ်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ