လွှတ်တော် အထမြောက်ရန် နှင့် သမ္မတ၊ ဒုသမ္မတ ရွေးချယ်ရေးတို့ကို ဆောင်ရွက်နိုင်သော်လည်း တပ်မတော်က အတင်းလုပ်ယူသည့်ပုံရိပ်ဖြစ်သွားနိုင်ဟု တပ်ချုပ်ပြော
မျိုးကြီး (NSS) - သြဂုတ် ၂
လွှတ်တော်အစည်းအဝေး အထမြောက်ရန်နှင့် သမ္မတ၊ ဒုသမ္မတရွေးချယ်ရေးတို့ကို လုပ်ဆောင်နိုင်သော်လည်း တပ်မတော်က အတင်းလုပ်ယူသည့်ပုံရိပ်ဖြစ်သွားနိုင်ဟု တပ်ချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော်(၃)ရပ်ဖြင့် ဖွဲ့စည်းထားသည်။
၎င်းအခြေခံဥပဒေအရ လွှတ်တော်အစည်းအဝေးတစ်ခု အထမြောက်ရန် လွှတ်တော်စတက်သည့် ပထမနေ့၌ တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ်ထက်ဝက်ကျော်ဦးရေ တက်ရောက်ပါက အစည်းအဝေးသည် အထမြောက်ကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြော သည်။
ထို့ပြင် ပထမနေ့အစည်းအဝေး အထမမြောက်သဖြင့် ဆက်လက်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ သုံးပုံတစ်ပုံ တက်ရောက်နိုင်ပါက အစည်းအဝေးသည် အထမြောက်နေပြီဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
ထို့ကြောင့် ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေးအထမြောက်ရန် လိုအပ်သည့် (၅၀)ရာခိုင်နှုန်းသော ကိုယ်စားလှယ်များအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းရှိပြီးဖြစ်ကြောင်းနှင့် ကျန် (၂၅)ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်ရန် ဆောင်ရွက်နိုင်သည်ဟု တပ်ချုပ်က ပြောသည်။
သို့သော် ယခုကဲ့သို့ လွှတ်တော်အစည်းအဝေးအား ကျင်းပလိုက်ပါက တပ်မတော်သည် လွှတ်တော်အစည်းအဝေးအထမြောက်ရန် အတင်းလုပ်ယူသည်ဟူသော ပုံရိပ်တစ်ခုကို သတ်မှတ်သွားနိုင်သည့်အနေအထားရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်ဟပြောကြားခဲ့သည်။
ထို့အတူ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည် ထောင်စုအဆင့်သမ္မတ၊ ဒုသမ္မတ စသည်တို့ကို ရွေးချယ်သည့်အခါတွင် အထက်ပါကဲ့သို့ ဆောင်ရွက်နိုင်သော်လည်း ပုံရိပ်အရ မသင့်တော်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲဖြစ်သည့်အတွက် ပြည်သူများက ၎င်းတို့ဆန္ဒဖြင့် ရွေးချယ်သော ရွေးကောက်ခံကိုယ်စားလှယ်များ ပါဝင်နေရန်လိုအပ်ပြီး အနည်းဆုံး (၇၅)ရာခိုင်နှုန်းခန့်အထိ ကိုယ်စားလှယ်များ ရွေးချယ်ခွင့်ရရှိရေး ကြိုးပမ်းနေကြောင်း နိုင်ငံတော်အာဏာရယူထားသည့် တပ်ချုပ်က ပြောသည်။
မြန်မာနိုင်ငံတွင် ပထမအကြိမ်လွှတ်တော်အစည်းအဝေးနှင့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများ ပေါ်ပေါက်ခဲ့ပြီး ပထမအကြိမ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အများအပြား ရွေးချယ်ခံခဲ့ရကာ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်။
အလားတူ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီမှ ကိုယ်စားလှယ်အများအပြားသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်း-မြန်မာ ငွေလဲဈေးကွက်အတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ