Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံအတွင်းရှိ ဥရောပနိုင်ငံသားတွေကို ပြန်လည်ကယ်ထုတ်ဖို့ စီစဉ်နေ

ဂျန်ဇက် (NSS) - သြဂုတ် ၂

နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဥရောပနိုင်ငံများဟာ နိုင်ဂျာနိုင်ငံရှိ ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေချိန်မှာပဲ စပိန်အစိုးရကလည်း နိုင်ဂျာနိုင်ငံကိုရောက်ရှိနေတဲ့ စပိန်နိုင်ငံသား၇၀ကို လေကြောင်းခရီးစဉ်နဲ့ပြန်လည်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ 


နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အနောက်အာဖရိကနိုင်ငံများအဖွဲ့က ရွေးကောက်ခံသမ္မတ ကို ရာထူးပြန်လည်ခန့်ထားဖို့ နဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Mohamed Bazoum ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုထားပြီး တောင်းဆိုချက်ကို မလိုက်နာဘူးဆိုရင် စစ်ရေးနည်းလမ်းအသုံးပြုမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတိပေးခဲ့ရာ တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ပါတယ်။ 

နိုင်ဂျာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ရဲ့စစ်ခေါင်းဆောင်တွေကလည်း နိုင်ဂျာကို စစ်ရေးအရ အရေးယူခြင်းဟာ ၎င်းတို့နိုင်ငံတွေအပေါ် စစ်ကြေညာခြင်းအဖြစ် မှတ်ယူသွားမှာဖြစ်ပြီး နိုင်ဂျာပြည်သူ တွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း သတိပေးထားပါတယ်။ 

စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ဂျာနိုင်ငံရဲ့လုံခြုံရေးအခြေအနေတွေက စိုးရိမ်စရာကောင်းနေကြောင်း ပြောပါ တယ်။ နိုင်ဂျာစစ်အာဏာသိမ်းအုပ်စုဟာ နိုင်ငံလေကြောင်းပိုင်နက်ကို ပိတ်လိုက်တဲ့အပြင် ပြည်ပလေကြောင်း ခရီးစဉ်တွေကို ဆိုင်းငံလိုက်ပြီးနောက်  ပြင်သစ်အစိုးရ နဲ့ အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ဂျာနိုင်ငံကို ရောက်ရှိနေတဲ့ ၎င်းတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေပါတယ်။ 

အီတလီအစိုးရကလည်း ၎င်းတို့အနေနဲ့ နိုင်ဂျာနိုင်ငံရှိ အီတလီနိုင်ငံသားတွေကို ပြန်ခေါ်ယူဖို့ အထူးလေယာဉ် လွှတ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဗြိတိန်အစိုးရကလည်း နိုင်ဂျာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားတွေကို အပြင်မထွက်ဘဲ အိမ်ထဲမှာသာနေထိုင်ဖို့ နဲ့ ရောက်ရှိနေတဲ့နေရာတွေကို အကြောင်းကြားပေးဖို့ သတင်း ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဗြိတိန်အစိုးရဟာ နိုင်ဂျာနိုင်ငံရောက် ဗြိတိန်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူသွားမယ်ဆိုတဲ့အချက် ကိုတော့ သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။ အမေရိကန်အစိုးရကတော့ ၎င်းတို့အနေနဲ့ လက်ရှိအချိန်မှာ နိုင်ဂျာနိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ဆိုထားပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုးဆက်တိုက်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်ကာ သထုံမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ရေကြီးနစ်မြုပ်နေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved