ရုရှားနိုင်ငံ ပါဝင်ခြင်းမရှိတဲ့ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း မက္ကဆီကိုသမ္မတပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂
ရုရှားနိုင်ငံ မပါဘဲ ပြုလုပ်မယ့် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို မက္ကဆီကိုနိုင်ငံက ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ပြုလုပ်မယ့် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံ နှစ်နိုင်ငံစလုံး မပါဝင်ဘူးဆိုရင် အဓိပ္ပာယ်မရှိကြောင်း မက္ကဆီကိုသမ္မတ မန်နူရယ်လ် လိုပက်ဇ် အိုဘရာဒို က ထုတ်ဖော်ပြောလိုက် ပါတယ်။
မက္ကဆီကိုသမ္မတက "ဆွေးနွေးပွဲမှာ ယူကရိန်းနဲ့ ရုရှား အစိုးရတာဝန်ရှိသူတွေလည်း ပါဝင်မယ်ဆိုရင် ကျွန်တော် တက်ရောက်မှာပါ။ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးက ဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ရယူနိုင် အောင်ကြိုးပမ်းဖို့ သဘောတူညီမယ်ဆိုရင် ကျွန်တော်တို့တက်ရောက်မယ်။ ရုရှားနဲ့ ယူကရိန်း ကြားဖြစ်ပွားနေတဲ့ စစ်ပွဲဆက်လက်ဖြစ်ပွားနေတာ ကျွန်တော်တို့ မလိုလားဘူး။ စစ်ပွဲကြောင့် လူတွေ သေဆုံးထိခိုက်နေရတယ်။ စစ်ပွဲ ကြောင့် အကျိုးကျေးဇူးဖြစ်နေတာကတော့ စစ်လက်နက်ပစ္စည်းထုတ်လုပ်သူတွေသာဖြစ်တယ်" လို့ ပြောပါတယ်။
ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို သြဂုတ် ၅ ရက် နဲ့ ၆ ရက်တို့မှာ ကျင်းပမှာဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကာ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၃ဝ ကျော် တက်ရောက်မှာဖြစ်ပေမယ့် ရုရှားနိုင်ငံကို ဖိတ်ခေါ်ခြင်းမျိုးမရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ဒိန်းမတ်နိုင်ငံကို ပင်ဟေဂင်မြို့မှာ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီး ယူကရိန်းနဲ့ အနောက်အုပ်စုနိုင်ငံတွေက ကြားနေနိုင်ငံတွေကို ယူကရိန်းနိုင်ငံအပေါ် ကူညီထောက်ပံ့ပေးမှုများ ပိုမိုလုပ်ဆောင်ဖို့ စည်းရုံးပြောဆိုမှုများရှိခဲ့ကြောင်း သိရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ယူကရိန်းသမ္မတဇီလန်စကီး အဆိုပြုထားတဲ့ အချက် ၁ဝ ချက်ပါ ငြိမ်းချမ်းရေး ဖော်မြူလာကို အခြေခံဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမယ့်ဆွေးနွေးပွဲဟာ အသုံးဝင်မှာမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့နိုင်ငံတွေဟာ ယူကရိန်းကို ကူညီနေတဲ့အနောက်အုပ်စုနိုင်ငံတွေ အပေါ် အားပေးထောက်ခံမယ်ဆိုရင် ငြိမ်းချမ်းရေးရယူနိုင်မှာ မဟုတ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသမ္မတ လုပ်ကြံသတ်ဖြတ်ခံရမယ်ဆိုရင် ယူကရိန်းနိုင်ငံကို အုပ်ချုပ်ရေးကောင်စီနဲ့ အုပ်ချုပ်သွားဖွယ်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ