ယူကရိန်းသမ္မတ လုပ်ကြံသတ်ဖြတ်ခံရမယ်ဆိုရင် ယူကရိန်းနိုင်ငံကို အုပ်ချုပ်ရေးကောင်စီနဲ့ အုပ်ချုပ်သွားဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဩဂုတ် ၂
ယူကရိန်းသမ္မတဇီလန်စကီး လုပ်ကြံသတ်ဖြတ်ခံရမယ်ဆိုရင် ယူကရိန်းအစိုးရအဖွဲ့အတွင်းရှိ သြဇာလွှမ်းမိုးမှုရှိသူ များ နဲ့ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးအုပ်ချုပ်သွားဖွယ်ရှိနေကြောင်း Politico သတင်းဌာနက ဆိုပါတယ်။
ယူကရိန်းသမ္မတ လုပ်ကြံခံရမယ်ဆိုရင် အုပ်ချုပ်မှုပိုင်းနဲ့ပတ်သက်ပြီး ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌ Ruslan Stefanchuk အပါအဝင် အုပ်ချုပ်ရေးကောင်စီနဲ့ နိုင်ငံကို အုပ်ချုပ်သွားမှာဖြစ်ကြောင်း၊ အဲဒီအုပ်ချုပ်ရေးကောင်စီမှာ ယူကရိန်းသမ္မတ ရုံးအကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
Atlantic Council ရဲ့သုတေသီတစ်ဦးဖြစ်တဲ့ Adrian Karatnycky က ယူကရိန်းနိုင်ငံမှာ ခိုင်မာတောင့်တင်းတဲ့ ခေါင်းဆောင်မှုအဖွဲ့ရှိနေပြီး သမ္မတဇီလန်စကီး လုပ်ကြံခံရမယ်ဆိုရင် စုပေါင်းအုပ်ချုပ်မှုတွေလုပ်ဆောင်သွားဖွယ်ရှိ နေကြောင်း သုံးသပ်ပြောထားပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက ၎င်း သေဆုံးသွားမယ်ဆိုရင်တောင် ယူကရိန်းနိုင်ငံမှာ “Plan B” ရှိနေပြီးဖြစ် ကြောင်း၊ ဒါပေမယ့် ယူကရိန်းအစိုးရ နှစ်ခြမ်းကွဲနိုင်ခြင်းများဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ ယူကရိန်းသမ္မတရဲ့အကြံပေးတစ်ဦးက သမ္မတ ဇီလန်စကီးဟာ ဒါဇင်နဲ့ချီ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခံရပေမယ့် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ဆိုပါတယ်။ ယူကရိန်း နဲ့ ရုရှားတို့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားအစိုးရဟာ ယူကရိန်းသမ္မတဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းဖွယ်ရှိနေကြောင်း အနောက်အုပ်စုမီဒီယာတွေက ဖော်ပြခဲ့ဖူးပါတယ်။
ရုရှားအစိုးရကတော့ အဆိုပါသတင်းတွေကို ငြင်းဆန်ပယ်ချထားပြီး အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းပိုင်နက် လေးခုကို ရုရှားတပ်ဖွဲ့တွေက သိမ်းယူထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စကျင်ကျောက်ဖြင့် ထွင်းထုပူဇော်သည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်၏ အနေကဇာတင်ပွဲ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လှုပ်ရှားသွားလာမှု၊ လုပ်ငန်းရှင်များ၏ လှုပ်ရှားသွားလာမှုနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ၏ မြင်ကွင်းများကို သတင်းဓါတ်ပုံများအဖြစ် ဖော်ပြလိုက်ပါသည်။
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ