စက်မှုထုတ်ကုန် နှင့် လျှပ်စစ် EV ကားပြပွဲကို ရန်ကုန်မြို၌ ကျင်းပမည်
NSS - ဩဂုတ် ၂
ပြည်သူရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပစ္စည်းပြပွဲ နှင့် လျှပ်စစ် EV ကားပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျင်းပမည်ဖြစ်ပြီး ဩဂုတ်လ ၄ ရက်မှ ၆ ရက်အထိ (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲများကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
“EV ကားပြပွဲနဲ့ဈေးရောင်းပွဲတော်လုပ်ဖို့ အရင်ကတည်းက စီစဉ်ထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ရက်ရွှေ့ဆိုင်းရင်း ၈လပိုင်းထဲရောက်မှ ပွဲလုပ်ဖို့ ပြန်စီစဉ်ရတာပါ”ဟု EV ကား တင်သွင်းရောင်းချသူလုပ်ငန်းရှင် တစ်ဦးကပြောသည်။
အဆိုပါ ပြပွဲတွင် ပါဝင်ပြသရောင်းချသူများအနေဖြင့် ထုတ်ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်း နှင့် အရည်အသွေးများကို ပြည်သူများထံချပြနိုင်ရန် အခွင့်အလမ်းတစ်ရပ် ရရှိမည်ဖြစ်ပြီး အရောင်းမြှင့်တင်နိုင်ရေးဈေးကွက် Promotion များလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းဈေးရောင်းပွဲတော်တွင် EV ကားများအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများ၊ ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုဇုန် (၂၉) ဇုန်မှ ထုတ်ကုန်ပစ္စည်းများ၊ MSMEs ထုတ်ကုန်ပစ္စည်းများ၊ အသင်းအဖွဲ့များ၏ ထုတ်ကုန်ပစ္စည်းများကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သပိတ်ကျင်းမြို့နယ်၌ PDF အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းနင်းမိ၍ ယာဉ်မောင်းတစ်ဦး သေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ