သပိတ်ကျင်းမြို့နယ်၌ PDF အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းနင်းမိ၍ ယာဉ်မောင်းတစ်ဦး သေဆုံး
NSS - ဩဂုတ် ၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၌ PDF အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးနင်းမိသဖြင့် “ကချင်မင်းသား” ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်၊
ပြီးခဲ့သော ဇူလိုင်လ ၃၀ ရက်၊ နံနက် ၉ နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ လက်ပံကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသားသည် “ကချင်မင်းသား” ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်ပြီး မန္တလေးမှ မြစ်ကြီးနားသို့ ခရီးသည် (၇)ဦးအားတင်ဆောင်မောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထို့နောက် အထက်ပါကျေးရွာအနီးအရောက်တွင် လမ်းပေါ်၌ PDF အဖွဲ့က ဆီဘောက်ဆာယာဉ်တစ်စီး၊ ၁၂ စီးကားတစ်စီးတို့ဖြင့် ပိတ်ထားသဖြင့် ၎င်း၏ကားအား ကားလမ်းအရှေ့ဘက်မှ ရှောင်ကွင်းမောင်းနှင်စဉ် လက်လုပ်မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နေ ကိုလွင်မြတ်မိုး (၂၇)နှစ်၏ ဦးခေါင်းယာဘက်ချိုစောင်း နှင့် ယာနားနောက်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း ထူးခြားသတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း