အဆိုတော်ပိုင်သက်ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ
NSS - ဩဂုတ် ၂
ယမန်နေ့ (ဩဂုတ်လ ၁ ရက်)၊ ဒုတိယ ဝါဆိုလပြည့်နေ့တွင် နစကမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးသော အကျဉ်းသား ခုနှစ်ထောင်ကျော်အတွင်း မြန်မာသံစဉ် အဆိုတော် ပိုက်သက်ကျော်လည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
မြန်မာသံစဉ် အဆိုတော်ပိုင်သက်ကျော်သည် ဩဂုတ်လ ၁ ရက်၊ နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများမှ ပြောသည်။
"ဆရာပိုင်သက်ကျော် ဒီနေ့ဝဋ်ကြွေးကျေပြီလို့ ပြောရပါမယ်။ ပြန်လွတ်လာပါပြီ။ အခုအိမ်ကိုပြန်ရောက်နေပါပြီ"ဟု ပိုင်သက်ကျော်၏မိတ်ဆွေတစ်ဦးက ပြောသည်။
ပိုင်သက်ကျော်ကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်က ၎င်းနေထိုင်သည့် လှိုင်သာယာမြို့နယ် ၊ နဝဒေးအိမ်ရာဝင်းရှိ နေအိမ်၌ဖမ်းဆီခဲ့ပြီး ၄ လအကြာတွင် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
၎င်းကို CDM များထောက်ပံ့မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၀) ည ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုတော်ပိုင်သက်ကျော်သည် မွေးရာပါ မသန်စွမ်းသူဖြစ်သော်လည်း မြန်မာသံတေးသီချင်းသီဆိုရာတွင် အောင်မြင်ပြီး လူကြိုက်များသည့် အဆိုတော်တစ်ဦးဖြစ်ကာ မြန်မာသံသီချင်းအများအပြားသီဆိုထွက်ရှိထားသူလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်မှုထုတ်ကုန် နှင့် လျှပ်စစ် EV ကားပြပွဲကို ရန်ကုန်မြို၌ ကျင်းပမည်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ