လီဗာပူးလ်ကွင်းလယ်လူဖာဘင်ဟိုကို ပေါင်သန်း(၄ဝ)ဖြင့် ဆော်ဒီအာရေးဗျကလပ်က အပြီးသတ်ခေါ်ယူလိုက်
Pika (NSS) - သြဂုတ် ၁
ဆော်ဒီအာရေးဗျကလပ် Al-Ittihad သည် လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမား ဖာဘင်ဟိုကို ပေါင်သန်း (၄ဝ)ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Al-Ettifaq အသင်းသည် လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆန်ကိုခေါ်ယူပြီးနောက် ရက်ပိုင်းအကြာတွင် ကွင်းလယ်လူ ဖာဘင်ဟိုကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Al-Ettifaq အသင်းသည် ဖာဘင်ဟိုကို လီဗာပူးလ်အသင်းမှ ပေါင်သန်း(၄ဝ)ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ(၃၁)ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၂၉ နှစ်အရွယ် ဖာဘင်ဟိုသည် Al-Ettifaq အသင်းနှင့် သုံးနှစ်သက်တမ်းရှိသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ဖာဘင်ဟိုသည် ခွေးဘီလူးနှစ်ကောင်ကို ပိုင်ဆိုင်ထားပြီး ဆော်ဒီအာရေးဗျနိုင်ငံတွင် အန္တရာယ်ရှိပြီး ကြမ်းတမ်းသောခွေးများကို မွေးခွင့်မပြုထားသောကြောင့် အစောပိုင်းတွင် အပြောင်းအရွှေ့မှာ ရပ်တန့်နေခဲ့ကြောင်း သိရသည်။ သို့သော်လည်း နောက်ပိုင်းတွင် Al-Ettifaq အသင်းသည် ဖာဘင်ဟိုကို အပြီးသတ် ခေါ်ယူလိုက်ပြီဟု ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်တိုင်းငယ်၏ အရှိန်ကြောင့် သြဂုတ်လ(၃)ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ဟုဆို
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း