ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် MoU လုပ်သားဟောင်းများအနေဖြင့် U-Turn လုပ်ငန်းစဥ် ထပ်မံပြုလုပ်ရမည်ဟုဆို
စော (NSS) - ဩဂုတ် ၁
ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် MoU လုပ်သားဟောင်းများအနေဖြင့် U-Turn လုပ်ငန်းစဥ်ကို ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့(ဇူလိုင်လ ၃၁ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
မြန်မာလုပ်သားများအား MoU လုပ်ငန်းစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ မထွက်ခွါမီ (၅)နှစ်သက်တမ်းရှိသော PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကို ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ နိုင်ငံကူးလက်မှတ်အရ MoU လုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၌ (၄)နှစ်ကြာ အလုပ်လုပ်ကိုင်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် U-Turn အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် လုပ်သားများအနေဖြင့် MoU ၏ U-Turn လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံ၌ ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အချို့သော MoU လုပ်သားများသည် နိုင်ငံကူးလက်မှတ်သက်တမ်း ၁ နှစ် ကျန်သေးသော် လည်း မြန်မာနိုင်ငံသို့ မပြန်ဘဲ သက်တမ်းကျော်လွန်သည်အထိ နေထိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌ MoU စနစ်ဖြင့် လေးနှစ်ပြည့် ပတ်ပို့စ်သက်တမ်းတိုးဆောင်ရွက်ခဲ့သည့် အလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီး MoU ၏ U-Turn စနစ်ဖြင့် သွားပါက OWIC ကတ်ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်နေစဉ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု သာကေတမြို့၌ ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ