ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်နေစဉ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု သာကေတမြို့၌ ဖြစ်ပွား
စော (NSS) - ဩဂုတ် ၁
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် နေအိမ်၌ ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်နေစဉ် အမျိုး သားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၃၁ ရက်)တွင် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်ရှိ နေအိမ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသားသည် နေအိမ်အတွင်း၌ ရေများဝင်ရောက်နေခြင်းကြောင့် ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်နေစဉ် ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ထဲမှာရေဝင်နေလို့ ရေစုပ်စက်နဲ့ စုပ်ထုတ်တာပါ။ ရေစုပ်စက်က လျှပ်စစ်ကြိုးကပေါက်နေတာပါ။ သူကအခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးတာပါ”ဟု သာကေတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားအား အောင်နိုင်သူလူမှုကူညီရေးအသင်းအားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Belt and Road Initiative: မြန်မာတွေ တရုတ်ဗဟိုပြုသည့် ကမ္ဘာ့ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ကျန်နေခဲ့မလား၊ အမီလိုက်ကြမှာလား (ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း