တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရေကြီးမှုထဲ ပိတ်မိနေသူများကို စစ်ဘက်သုံးရဟတ်ယာဉ်များနဲ့ အစားစာများ ပေးဝေနေရ
ဂျန်ဇက် (NSS) - ဩဂုတ် ၁
တရုတ်နိုင်ငံဘေဂျင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုများ ၄ ရက်ဆက်တိုက်ဖြစ်ပေါ်နေခဲ့ခြင်းကြောင့် ပိတ်မိနေသူ များအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို စစ်ဘက်သုံးရဟတ်ယာဉ်များ နဲ့ပေးပို့ကူညီပေးလျက်ရှိနေကြောင်း သိရပါတယ်။
Doksuri အမည်ရှိ စူပါတိုက်ဖွန်းမုန်တိုင်းဟာ ဇူလိုင် ၂၉ ရက်ကတည်းက တရုတ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပေကျင်းမြို့ နဲ့ ပတ်ဝန်းကျင်မြို့များမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးမှုများ ဖြစ်လျက်ရှိနေကြောင်း သိရပါတယ်။ လူပေါင်းထောင်ချီကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပေမယ့် လူရာချီ ဆက်လက်ပိတ်မိနေဆဲဖြစ် ကြောင်း၊ ပေကျင်းမြို့ရှိ ရေကြီးနေတဲ့မြို့မှာ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်စစ်တပ်ဟာ ရေကြီးမှုကြောင့် ပိတ်မိနေတဲ့မီးရထားထဲရှိ ခရီးသည်တွေအပြင် အခြားပိတ်မိနေသူတွေကို စစ်ဘက်သုံးရဟတ်ယာဉ် ၄ စင်း နဲ့ အစားစားများ ဖြန့်ဝေပေးလျက်ရှိနေကြောင်း သိရပါတယ်။ ရေကြီးမှုများ ကြောင့် ပေကျင်းမြို့ရှိ လမ်းပေါင်းရာချီဟာ မြစ်ပြင်သဖွယ်ဖြစ်နေခဲ့ပြီး ကားများ၊ ရထားများပိတ်မိနေဆဲဖြစ် ကြောင်း၊ ရေကြီးမှုကြောင့် မြစ်ရေများလည်း စိုးရိမ်ရေအမှတ်အထိ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်တဲ့ စီစီတီဗွီက "ပေကျင်းမြို့ရှိနေရာအများအပြားဟာ ရေကြီးမှုကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရတယ်။ ရထားလမ်းတွေမှာလည်း ရေတွေ အောက်ရောက်ရှိခဲ့လို ရထားတွေ ဆက်မထွက်နိုင်ခဲ့ ဘူး။ အချို့နေရာတွေမှာမီးပွိုင့်တွေ ကောင်းစွာအလုပ်မလုပ်တော့ဘူး" လို့ ပြောပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလျှပ်ခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများလည်း သြဂုတ် ၂ ရက်မှာ ထပ်မံဖြစ်ပွားလာဖွယ်ရှိနေကြောင်း တရုတ်အာဏာပိုင်တွေက သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံဘူတာဝင်းရှိ နေအိမ်ပေါ်သို့ ကုက္ကိုလ်ပင်လဲကျခြင်းကြောင့် လူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ