သထုံဘူတာဝင်းရှိ နေအိမ်ပေါ်သို့ ကုက္ကိုလ်ပင်လဲကျခြင်းကြောင့် လူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဩဂုတ် ၁
မွန်ပြည်နယ်၊ သထုံမြို့တွင် သထုံဘူတာဝင်းရှိ နေအိမ်ပေါ်သို့ ကုက္ကိုလ်ပင်လဲကျခဲ့ရာ လူ(၅)ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၃၁ ရက်)၊ ည (၁၀)နာရီဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း အဖြူရောင်နှလုံးသားအဖွဲ့ထံမှ သိရသည်။
“အဲဒီအချိန်တုန်းက လေတအားတိုက်လိုက်တယ်ပြောတယ်။ အောက်ကမြေကလဲပျော့ပြီး ကုက္ကိုလ်ပင်က နေအိမ်ကိုသွားပိတာပါ။ အပင်ကအရမ်းအကြီးတော့ မဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာရရှိတဲ့လူက ငါးယောက်ပါ မိသားစုတစ်စုလုံးပါပဲ”ဟု အဖြူရောင်နှလုံးသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဥ်ကြောင့် နေအိမ်ရှိ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၃)တို့သည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့သော်လည်း သထုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ယမန်နေ့(ဇူလိုင်လ ၃၁ ရက်)တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့တို့တွင်လည်း သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့သဖြင့် နယ်မြေခံမီးသတ်စခန်းများမှ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးပါတီသစ် တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို ဆက်လက်လျှောက်ထားနိုင်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း