ပြင်သစ်သံရုံးကို မီးရှို့ဖျက်ဆီးဖို့ အာဏာသိမ်းမှုကိုထောက်ခံတဲ့ နိုင်ဂျာပြည်သူများ ကြိုးပမ်း
ဂျန်ဇက် (NSS) - ဇူလိုင် ၃၁
အာဏာသိမ်းမှုကိုထောက်ခံတဲ့ နိုင်ဂျာပြည်သူတွေဟာ ၎င်းတို့နိုင်ငံကို ကိုလိုနီပြုခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံကို ဆန့်ကျင် ဆန္ဒပြခဲ့ပြီး ရုရှားနိုင်ငံကို အားပေးထောက်ခံကြောင်း ထောက်ခံဆန္ဒပြခဲတယ်လို့ သိရပါတယ်။
ဆန္ဒပြသူထောင်ချီဟာ ရုရှားအလံတွေကို ဝှေ့ယမ်းပြီး ပြင်သစ်နိုင်ငံကိုတော့ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သလို ပြင်သစ်သံရုံးတံခါးကိုလည်း မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ကြောင်းသိရပါတယ်။
ဆန္ဒပြသူတွေဟာ ပြင်သစ်နိုင်ငံကျဆုံးပါစေ ဆိုတဲ့ စာသားပါဗီနိုင်းတွေကို ကိုင်ဆွဲဆန္ဒပြခဲ့သလို ပြင်သစ်အစိုးရကို ဝေဖန်ပြစ်တင်တာမျိုးတွေလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်က ပြင်သစ်နိုင်ငံ အကျိုးစီးပွားနဲ့ ပြည်သူတွေအပေါ်တိုက်ခိုက်လာမယ်ဆိုရင် သည်းခံမှာမဟုတ်ကြောင်း၊ ပြင်သစ်နိုင်ငံသားတွေကို တိုက်ခိုက်လာသူမှန်သမျှ ချက်ချင်းတုံ့ပြန်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
နိုင်ဂျာနိုင်ငံဟာ ၁၉၆ဝ ခုနှစ်အထိ ပြင်သစ်နိုင်ငံရဲ့လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ပြင်သစ်စစ်သား ၁၅ဝဝ ကျော်ဟာ နိုင်ဂျာစစ်သားတွေနဲ့အတူ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။ အမေရိကန် နဲ့ အခြားဥရောပနိုင်ငံတွေဟာ အကြမ်းဖက်အုပ်စုတွေ နဲ့ လက်နက်ကိုင်သူပုန်တွေကို တိုက်ခိုက်ဖို့ နိုင်ဂျာစစ်သားတွေကို လေ့ကျင့်သင်ကြားပေးခြင်းများ ပြုလုပ်ပေးခဲ့ဖူးကြောင်း သိရပါတယ်။
ပြင်သစ်အစိုးရဟာ နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဝေဖန် ပြစ်တင်ခဲ့သလို အကူအညီပေးမှုတွေကို ရပ်တန့်သွားမှာဖြစ်ကြောင်း ဇူလိုင် ၃ဝ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်အစိုးရက နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များအနေနဲ့ ရာထူးက ဖြုတ်ချခဲ့တဲ့ သမ္မတမိုဟာမက် ဘိုဇမ် ကို သီတင်းပတ်တစ်ပတ်အတွင်း ပြန်လည်ခန့်အပ်ခြင်းမျိုးမရှိဘူးဆိုရင် အင်အားသုံးသင့် သုံးသွားမှာဖြစ်ကြောင်း သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်ထဲမှာ နစ်မြှုပ်သွားတဲ့ မြန်မာသင်္ဘောသားတွေ လိုက်ပါအလုပ်လုပ်နေတဲ့ ကုန်တင်သင်္ဘောကို ပြန်လည် ဆယ်ယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ