မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ နေရာအချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်
NSS - ဇူလိုင် ၃၁
ရန်ကုန်မြို့၌ သုံးရက်နီးပါးမိုးဆက်တိုက်ရွာသွန်းခဲ့ရာ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်းသိရသည်။
ရန်ကုန်မြို့၌ စနေ၊ တနင်္ဂနွေ၊ တနင်္လာ (၃)ရက်ဆက်တိုက် မိုးရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးမှုဖြစ်ပွားနေရာ တောင်ဥက္ကလာ၊ သဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့်မြို့နယ်များတွင် နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်းသိရသည်။
“ဒီနေ့မနက်မိုးမလင်းခင်ကတည်းက မိုးရွာနေတာ လမ်းတွေလဲအကုန်မြုပ်ကုန်ပြီ၊ တချို့နေရာတွေဆိုရင်အိမ်ထဲကိုရေဝင်နေပါတယ်”ဟု တောင်ဒဂုံမြို့ နယ်ရှိဒေသခံတစ်ဦးကပြောသည်။
မိုးလေဝသနှင်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်ကူးပြောင်းလာပြီဖြစ်ကြောင်းသိရသည်။
ယင်းလေဖိအားနည်းရပ်ဝန်းကြောင့် ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက်မှစတင်ကာ နောက်ထပ် ၂၄ နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးရွာသွန်းမှု အကျယ်သည် မိုင်ဝက်မှ သုံးမိုင်အထိ သက်ရောက်နိုင်ကြောင်းခန့်မှန်းထားသည်။
လေဖိအားနည်းရပ်ဝန်းကြောင့် နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်သံရုံးကို မီးရှို့ဖျက်ဆီးဖို့ အာဏာသိမ်းမှုကိုထောက်ခံတဲ့ နိုင်ဂျာပြည်သူများ ကြိုးပမ်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ