ဘရာဇီးနိုင်ငံမှာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာမှာ စစ်ဦးစီးချုပ်ကို ဘရာဇီးသမ္မတ ရာထူးက ထုတ်ပယ်
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂
ဘရာဇီးနိုင်ငံတဝှမ်းမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်ကျော်ကြာချိန်မှာ သမ္မတ လူးဝစ်အင်နာစီယိုလူလာ ဟာ ဘရာဇီးစစ်ဦးစီးချုပ်ကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ဘရာဇီးနိုင်ငံမှာ ရွေးကောက်ပွဲ မဲရလဒ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ခဲ့ကာ သမ္မတဟောင်းကို ထောက်ခံသူ များက ဘရာဇီးလွှတ်တော်အဆောက်အဦး၊ သမ္မတအဆောက်အဦးကို သိမ်းပိုက်ရေးကြိုးပမ်းမှု အပါအဝင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပါတယ်။ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂျူလီယိုဆီဆာ ဒီအာရူဒါ ဟာ ဘရာဇီးသမ္မတဟောင်း ဘိုဆိုနာရို ရဲ့ သက်တမ်း မကုန်ဆုံးခင် နှစ်ရက်အလိုမှာ ဘရာဇီးစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး ဘရာဇီး လက်ရှိသမ္မတ လူလာက ဇန်နဝါရီလမှာ စစ်ဦးစီးချုပ်အဖြစ် အတည်ပြုပေးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဘရာဇီးသမ္မတဟောင်း ဘိုဆိုနာရိုကို ထောက်ခံသူများဟာ ဇန်နဝါရီ ၈ ရက်နေ့က ဘရာဇီးတရားရုံးချုပ်၊ လွှတ်တော်၊ သမ္မတရုံးတွေကို စီးနင်းသိမ်းပိုက်ဖို့ကြိုးပမ်းခဲ့ပြီး အဆောက်အဦးများအတွင်းရှိ တံတားများ၊ ပရိဘောဂပစ္စည်းများ၊ အနုပညာလက်ရာများကို ဖျက်ဆီးခဲ့သလို ဘရာဇီးစစ်တပ်ကိုလည်း စစ်အာဏာသိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ဘရာဇီးသမ္မတ လူလာက လူပေါင်း ၂ဝဝဝ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ရတဲ့ အဆိုပါအဖြစ်အပျက်မှာ ဘရာဇီးလုံခြုံရေးတပ်ဖွဲ့များ ပါဝင်ဆက်နွယ်ဖွယ် ရှိဖွယ်ရှိနေကြောင်း၊ အဆိုပါအဖြစ်အပျက်ကို ပြန်လည်စုံစမ်း သုံးသပ်ပြီးနောက် အရေးယူမှုများလုပ်ဆောင်သွားမှာဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။
ဘရာဇီးကာကွယ်ရေးဝန်ကြီး ဂျိုစ့်မူစီယိုက ဇန်နဝါရီ ၂၁ ရက်မှာ သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စစ်ဦးစီးချုပ် အာရူဒါကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဦးစီးချုပ်အပေါ် ယုံကြည်ချက် မရှိတော့တဲ့အတွက် ရာထူးကနေ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Zawgyi Version;
ဘရာဇီးႏိုင္ငံမွာ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ သီတင္းပတ္ႏွစ္ပတ္အၾကာမွာ စစ္ဦးစီးခ်ဳပ္ကို ဘရာဇီးသမၼတ ရာထူးက ထုတ္ပယ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၂
ဘရာဇီးႏိုင္ငံတဝွမ္းမွာ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ သီတင္းပတ္ႏွစ္ပတ္ေက်ာ္ၾကာခ်ိန္မွာ သမၼတ လူးဝစ္အင္နာစီယိုလူလာ ဟာ ဘရာဇီးစစ္ဦးစီးခ်ဳပ္ကို ဇန္နဝါရီ ၂၂ ရက္ေန႔မွာ ရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။
ဘရာဇီးႏိုင္ငံမွာ ေ႐ြးေကာက္ပြဲ မဲရလဒ္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ခဲ့ကာ သမၼတေဟာင္းကို ေထာက္ခံသူ မ်ားက ဘရာဇီးလႊတ္ေတာ္အေဆာက္အဦး၊ သမၼတအေဆာက္အဦးကို သိမ္းပိုက္ေရးႀကိဳးပမ္းမႈ အပါအဝင္ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ပါတယ္။ ရာထူးကေန ထုတ္ပယ္ခံလိုက္ရတဲ့ ဂ်ဴလီယိုဆီဆာ ဒီအာ႐ူဒါ ဟာ ဘရာဇီးသမၼတေဟာင္း ဘိုဆိုနာ႐ို ရဲ႕ သက္တမ္း မကုန္ဆုံးခင္ ႏွစ္ရက္အလိုမွာ ဘရာဇီးစစ္ဦးစီးခ်ဳပ္အျဖစ္ ခန႔္အပ္ခံရသူျဖစ္ၿပီး ဘရာဇီး လက္ရွိသမၼတ လူလာက ဇန္နဝါရီလမွာ စစ္ဦးစီးခ်ဳပ္အျဖစ္ အတည္ျပဳေပးခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။
ဘရာဇီးသမၼတေဟာင္း ဘိုဆိုနာ႐ိုကို ေထာက္ခံသူမ်ားဟာ ဇန္နဝါရီ ၈ ရက္ေန႔က ဘရာဇီးတရား႐ုံးခ်ဳပ္၊ လႊတ္ေတာ္၊ သမၼတ႐ုံးေတြကို စီးနင္းသိမ္းပိုက္ဖို႔ႀကိဳးပမ္းခဲ့ၿပီး အေဆာက္အဦးမ်ားအတြင္းရွိ တံတားမ်ား၊ ပရိေဘာဂပစၥည္းမ်ား၊ အႏုပညာလက္ရာမ်ားကို ဖ်က္ဆီးခဲ့သလို ဘရာဇီးစစ္တပ္ကိုလည္း စစ္အာဏာသိမ္းဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဘရာဇီးသမၼတ လူလာက လူေပါင္း ၂ဝဝဝ ေက်ာ္ ဖမ္းဆီးထိန္းသိမ္းခဲ့ရတဲ့ အဆိုပါအျဖစ္အပ်က္မွာ ဘရာဇီးလုံၿခဳံေရးတပ္ဖြဲ႕မ်ား ပါဝင္ဆက္ႏြယ္ဖြယ္ ရွိဖြယ္ရွိေနေၾကာင္း၊ အဆိုပါအျဖစ္အပ်က္ကို ျပန္လည္စုံစမ္း သုံးသပ္ၿပီးေနာက္ အေရးယူမႈမ်ားလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာခဲ့ပါတယ္။
ဘရာဇီးကာကြယ္ေရးဝန္ႀကီး ဂ်ိဳစ့္မူစီယိုက ဇန္နဝါရီ ၂၁ ရက္မွာ သမၼတနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ စစ္ဦးစီးခ်ဳပ္ အာ႐ူဒါကို ရာထူးကေန ထုတ္ပယ္ဖို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ စစ္ဦးစီးခ်ဳပ္အေပၚ ယုံၾကည္ခ်က္ မရွိေတာ့တဲ့အတြက္ ရာထူးကေန ထုတ္ပယ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေနံကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာထက် အခြားငွေကြေးကိုအသုံးပြုရန် ဆွေးနွေးစီစဉ်နေကြောင်း ဆော်ဒီအာရေဗျအစိုးရ ပြော
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း