ရေနံကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာထက် အခြားငွေကြေးကိုအသုံးပြုရန် ဆွေးနွေးစီစဉ်နေကြောင်း ဆော်ဒီအာရေဗျအစိုးရ ပြော
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂
ကမ္ဘာ့ရေနံစိမ်းတင်ပို့မှုအများဆုံးပြုလုပ်နေသော ဆော်ဒီအာရေဗျနိုင်ငံသည် ရေနံကုန်သွယ်ရေး ငွေပေးချေမှုများ တွင် အမေရိကန်ဒေါ်လာကိုအသုံးမပြုဘဲ အခြားငွေကြေးများကို ပိုမိုအသုံးပြုရန် ဆွေးနွေးလျက်ရှိနေကြောင်း ဆော်ဒီအာရေဗျ ဘဏ္ဍာရေးဝန်ကြီး အယ်လ်ဂျာဒန် က ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးခဲ့သောလက ဆော်ဒီအာရေဗျနိုင်ငံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ချိန်အတွင်း တရုတ်သမ္မတ က ရေနံအရောင်းအဝယ်များတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေကို အသုံးပြုမှုတိုးမြင့်ရန် ကြိုးပမ်းသွား မည်ဟု ကတိပြုပြောဆိုခဲ့သည်။
ဆော်ဒီအာရေဗျ ဘဏ္ဍာရေးဝန်ကြီးက "ကျွန်တော်တို့ဟာ ကမ္ဘာတဝန်း ကုန်သွယ်မှုတွေကို ပိုမိုကောင်းမွန်လာ အောင် အကူအညီဖြစ်စေမယ့် ဘယ်ဆွေးနွေးမှုတွေကိုမဆို ငြင်းဆန်ပယ်ချတာ မျိုးလုပ်ဆောင်မှာ မဟုတ်ဘူး" ဟု ဆိုသည်။ ရေနံကုန်သွယ်ရေးများတွင် အမေရိကန်ဒေါ်လာ အသုံးမပြုရန် ဆော်ဒီအာရေဗျအစိုးရ၏ ဆွေးနွေးမှုများသည် ကမ္ဘာ့ရေနံကုန်သွယ်ရေးများတွင် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုများအပေါ် ခြိမ်းခြောက်မှုဖြစ်လာစေခဲ့ကြောင်း သိရသည်။
၎င်းက "ကျွန်တော်တို့ရဲ့ ရေနံကုန်သွယ်မှုအစီအစဉ်တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးရာမှာ ပြဿနာ မရှိဘူး။ ရေနံကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာ အသုံးပြု/မပြု ဆိုတဲ့အချက်၊ ယူရိုအသုံးပြု/မပြုဆိုတဲ့အချက်၊ ဆော်ဒီအာရေဗျနိုင်ငံသုံးငွေကြေး အသုံးပြု/မပြု ဆိုတဲ့အချက်တွေ ဆွေးနွေးရာမှာ ပြဿနာရှိလာမှာ မဟုတ်ဘူး" ဟု ဆိုသည်။ဆော်ဒီအာရေဗျနိုင်ငံသုံး ငွေကြေးသည် အမေရိကန်ဒေါ်လာနှင့် ဆယ်စုနှစ်ချီ ချိတ်ဆက်ထားခဲ့ရာ ၁၉၇ဝ ခုနှစ် နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ ရေနံရောင်းဝယ်ရေးစနစ်များတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုများကို အဓိကထား အသုံးပြုနေခဲ့ကြောင်းသိရသည်။
သို့သော်လည်း ဆော်ဒီအာရေဗျနိုင်ငံသည် လက်ရှိအချိန်တွင် တရုတ် နှင့် ရေနံကုန်သွယ်မှုများကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။တရုတ်နိုင်ငံသည် လက်ရှိအချိန်အတွင် ကမ္ဘာ့နိုင်ငံများထဲ ရေနံစိမ်းအများဆုံး တင်သွင်းနေသည့် နိုင်ငံလည်းဖြစ် သည်။ ပြီးခဲ့သောလ ဆော်ဒီအာရေဗျနိုင်ငံသို့ တရုတ်သမ္မတ သွားရောက်ချိန်အတွင်း နှစ်နိုင်ငံကြား ရေနံကုန်သွယ်မှု များကို တိုးချဲ့လုပ်ကိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံသုံးငွေကြေး ကို နိုင်ငံတကာရေနံကုန်သွယ်ရေးလုပ်ငန်းများတွင် ပိုမိုအသုံးပြုလာစေရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံများသည် တရုတ်နိုင်ငံသို့ ရေနံရောင်းချရာတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှု မလုပ်ဘဲ တရုတ်နိုင်ငံသုံး ယွမ်အသုံးပြုမှုများကို ပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်း သိရသည်။
ေ ရနံကု
Zawgyi Version;
န္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာထက္ အျခားေငြေၾကးကိုအသုံးျပဳရန္ ေဆြးေႏြးစီစဥ္ေနေၾကာင္း ေဆာ္ဒီအာေရဗ်အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၂
ကမာၻ႔ေရနံစိမ္းတင္ပို႔မႈအမ်ားဆုံးျပဳလုပ္ေနေသာ ေဆာ္ဒီအာေရဗ်ႏိုင္ငံသည္ ေရနံကုန္သြယ္ေရး ေငြေပးေခ်မႈမ်ား တြင္ အေမရိကန္ေဒၚလာကိုအသုံးမျပဳဘဲ အျခားေငြေၾကးမ်ားကို ပိုမိုအသုံးျပဳရန္ ေဆြးေႏြးလ်က္ရွိေနေၾကာင္း ေဆာ္ဒီအာေရဗ် ဘ႑ာေရးဝန္ႀကီး အယ္လ္ဂ်ာဒန္ က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ၿပီးခဲ့ေသာလက ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ခ်စ္ၾကည္ေရးခရီးစဥ္ သြားေရာက္ခ်ိန္အတြင္း တ႐ုတ္သမၼတ က ေရနံအေရာင္းအဝယ္မ်ားတြင္ တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြကို အသုံးျပဳမႈတိုးျမင့္ရန္ ႀကိဳးပမ္းသြား မည္ဟု ကတိျပဳေျပာဆိုခဲ့သည္။ ေဆာ္ဒီအာေရဗ် ဘ႑ာေရးဝန္ႀကီးက "ကြၽန္ေတာ္တို႔ဟာ ကမာၻတဝန္း ကုန္သြယ္မႈေတြကို ပိုမိုေကာင္းမြန္လာ ေအာင္ အကူအညီျဖစ္ေစမယ့္ ဘယ္ေဆြးေႏြးမႈေတြကိုမဆို ျငင္းဆန္ပယ္ခ်တာ မ်ိဳးလုပ္ေဆာင္မွာ မဟုတ္ဘူး" ဟု ဆိုသည္။
ေရနံကုန္သြယ္ေရးမ်ားတြင္ အေမရိကန္ေဒၚလာ အသုံးမျပဳရန္ ေဆာ္ဒီအာေရဗ်အစိုးရ၏ ေဆြးေႏြးမႈမ်ားသည္ ကမာၻ႔ေရနံကုန္သြယ္ေရးမ်ားတြင္ အေမရိကန္ေဒၚလာ လႊမ္းမိုးမႈမ်ားအေပၚ ၿခိမ္းေျခာက္မႈျဖစ္လာေစခဲ့ေၾကာင္း သိရသည္။ ၎က "ကြၽန္ေတာ္တို႔ရဲ႕ ေရနံကုန္သြယ္မႈအစီအစဥ္ေတြကို ဘယ္လိုေျဖရွင္းမလဲဆိုတာ ေဆြးေႏြးရာမွာ ျပႆနာ မရွိဘူး။ ေရနံကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာ အသုံးျပဳ/မျပဳ ဆိုတဲ့အခ်က္၊ ယူ႐ိုအသုံးျပဳ/မျပဳဆိုတဲ့ အခ်က္၊ ေဆာ္ဒီအာေရဗ်ႏိုင္ငံသုံးေငြေၾကး အသုံးျပဳ/မျပဳ ဆိုတဲ့အခ်က္ေတြ ေဆြးေႏြးရာမွာ ျပႆနာရွိလာမွာ မဟုတ္ဘူး" ဟု ဆိုသည္။ ေဆာ္ဒီအာေရဗ်ႏိုင္ငံသုံး ေငြေၾကးသည္ အေမရိကန္ေဒၚလာႏွင့္ ဆယ္စုႏွစ္ခ်ီ ခ်ိတ္ဆက္ထားခဲ့ရာ ၁၉၇ဝ ခုႏွစ္ ေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိ ေရနံေရာင္းဝယ္ေရးစနစ္မ်ားတြင္ အေမရိကန္ေဒၚလာ အသုံးျပဳမႈမ်ား ကို အဓိကထား အသုံးျပဳေနခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေဆာ္ဒီအာေရဗ်ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ တ႐ုတ္ ႏွင့္ ေရနံကုန္သြယ္မႈမ်ားကို မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို နက္နက္ရႈိင္းရႈိင္း လုပ္ရန္ ဆႏၵရွိေနေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံသည္ လက္ရွိအခ်ိန္အတြင္ ကမာၻ႔ႏိုင္ငံမ်ားထဲ ေရနံစိမ္းအမ်ားဆုံး တင္သြင္းေနသည့္ ႏိုင္ငံလည္းျဖစ္ သည္။ ၿပီးခဲ့ေသာလ ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ တ႐ုတ္သမၼတ သြားေရာက္ခ်ိန္အတြင္း ႏွစ္ႏိုင္ငံၾကား ေရနံကုန္သြယ္မႈ မ်ားကို တိုးခ်ဲ႕လုပ္ကိုင္ရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံသည္ ၎တို႔ႏိုင္ငံသုံးေငြေၾကး ကို ႏိုင္ငံတကာေရနံကုန္သြယ္ေရးလုပ္ငန္းမ်ားတြင္ ပိုမိုအသုံးျပဳလာေစရန္ စီစဥ္လ်က္ရွိေနေၾကာင္း သိရသည္။ ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးႏိုင္ငံမ်ားသည္ တ႐ုတ္ႏိုင္ငံသို႔ ေရနံေရာင္းခ်ရာတြင္ အေမရိကန္ေဒၚလာ အသုံးျပဳမႈ မလုပ္ဘဲ တ႐ုတ္ႏိုင္ငံသုံး ယြမ္အသုံးျပဳမႈမ်ားကို ပိုမိုလုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်ပေါင်း အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း