မူဆယ်မြို့နယ်အတွင်း၌ တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဖြစ်
မျိုးကြီး (NSS) - ဇူလိုင် ၃ဝ
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအနီးတွင် တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နမ့်ကတ်ကျေးရွာအနီး၌ ယမန်နေ့(ဇူလိုင် ၂၉ ရက်)၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် နှစ်ဖက်အကြား တိုက်ပွဲပြင်းထန် စွာ စတင်ဖြစ်ပွားခဲ့သည်ဟု တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ထုတ်ပြန်ထားသည်။
တပ်မတော်၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အင်အား(၁ဝဝ)ကျော်သည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာမှတစ်ဆင့် TNLA အဖွဲ့ ရှိရာ နမ့်ကတ်ကျေးရွာဘက်သို့ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲပြင်းထန်းခဲ့သည်ဟု TNLA က ဆိုသည်။
“တိုက်ပွဲဖြစ်တယ်လို့တော့ ကြားပါတယ်။ ဒီမှာက အဲဒီလိုဖြစ်စဉ်တွေက ရိုးနေပြီ။ မကြာခဏဆိုသလိုဖြစ်နေတာ။ မနေ့က ည ၇ နာရီလောက်မှာတော့ လက်နက်ကြီးအသံတွေ တော်တော်ကြားရပါတယ်။ တော်တော်ပြင်းထန်ပုံ လည်း ရပါတယ်။ ဒါပေမယ့် မူဆယ်မြို့ပေါ်မှာတော့ ပုံမှန်အတိုင်း သွားလာနေကြပါတယ်။ ဘာမှပိတ်ဆို့တာ၊ ကန့်သတ်တာ မရှိပါဘူး” ဟု မူ ဆယ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိ သေးပေ။
ပြီးခဲ့သော ဇူလိုင် ၂၃ ရက်တွင်လည်း မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီး၌ တပ်မတော်နှင့် TNLA အဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သောအဖွဲ့တို့သည် ပြီးခဲ့သော ဇွန်လတွင် ရှမ်းပြည်နယ်၊ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်းဆွေးနွေးမှုကို (၂)ရက်ကြာပြုလုပ်ခဲ့ပြီး နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘော တူခဲ့ကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ညီနောင်မဟာမိတ်(၃)ဖွဲ့ နှင့် နစက တို့ကြား ဆွေးနွေးပွဲဖြစ်မြောက်ရန်အတွက် တရုတ်နိုင်ငံဘက်က ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့တွင် ပါဝင်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် တပ်မတော်တို့သည် ဂျပန်နိုင်ငံ၊ နီပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌမစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲနိုင်ခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သြစတြေးလျနိုင်ငံကို ဘက်စုံးပဲ့ထိန်းဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးမယ်လို့ အမေရိကန်အစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ