သြစတြေးလျနိုင်ငံကို ဘက်စုံးပဲ့ထိန်းဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးမယ်လို့ အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၃ဝ
အမေရိကန်အစိုးရအနေနဲ့ သြစတြေးလျနိုင်ငံကို၂ဝ၂၅ ခုနှစ်မှစတင်ပြီး ဘက်စုံသုံးပဲထိန်းဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းများကို ကူညီပေးသွားမှာဖြစ်ကြောင်း၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင် က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ နှစ်စဉ်ပြုလုပ်နေကျ Australia-US Ministerial (AUSMIN) အစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန် နဲ့ သြစတြေးလျအစိုးရတာဝန်ရှိသူများက ၎င်းတို့အနေနဲ့ တရုတ်နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုများလုပ်မှာဖြစ်ပေမယ့် လိုအပ်မယ်ဆိုရင် တရုတ်နိုင်ငံကို ဆန့်ကျင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက "ကျွန်တော်တို့ဟာ သြစတြေးလျနိုင်ငံရဲ့ကာကွယ်ရေးလုပ်ငန်း အကျိုးကျေးဇူးများရရှိစေဖို့ လုပ်ဆောင်နေတယ်။ ကျွန်တော်တို့ဟာ ၂ဝ၂၅ ခုနှစ်က စတင်ပြီး သြစတြေးလျနိုင်ငံကို ပဲ့ထိန်းဒုံးကျည်စနစ်ဖွံ့ဖြိုးဖို့ နဲ့ ထုတ်လုပ်မှုပိုင်း တိုးတက်လာအောင် ကူညီပေးသွားမယ်" လို့ ပြောပါတယ်။
အာရှဒေသအတွင်းမှာ တရုတ်နိုင်ငံက စစ်ရေးချဲ့ထွင်မှုများ ရှိလာနေချိန်မှာ သြစတြေးလျအစိုးရဟာ အမေရိကန် နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။ သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က "ကျွန်တော်တို့ဟာ ပဲထိန်းဒုံးကျည်လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတယ်။ လက်ရှိအချိန်မှာပဲ ထိန်းဒုံးကျည်ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေမှုများကို ကျေနပ်ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းက "ကျွန်တော်တို့ဟာ တရုတ်နိုင်ငံ နဲ့စေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အရှေ့တရုတ်ပင်လယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသမှာ လေကြောင်း လွှတ်လပ်စွာပျံသန်းခွင့်ကို တားဆီးနှောင့်ယှက်မယ်ဆိုရင်တော့ ဆန့်ကျင်သွားမှာပါ" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှိတ်ဟာစီနာ နှုတ်ထွက်ပေးရေး တခဲနက်တောင်းဆိုမှု အရှိန်မြင့်တက်လာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း