တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်တစ်ခုဆီသို့ရောက်အောင် မြှင့်တင်သွားမည်ဖြစ် ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကတိပြု
Pika (NSS) - ဇူလိုင် ၂၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ်(၇၀)ပြည့် အခမ်းအနားကို ဂုဏ်ပြုရန်အတွက် မြောက်ကိုရီးယားနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သော တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်တစ်ခုဆီသို့ရောက်အောင် မြှင့်တင်သွားမည်ဟု ကတိပြုခဲ့ကြောင်းသိရသည်။
ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် Li Hongzhong ဦးဆောင်သော တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ(၂၈)ရက်တွင် ကင်ဂျုံအန်က ဧည့်ခံခဲ့ကြောင်းသိရသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် ကိုဗစ်(၁၉)ကပ်ရောဂါကာလနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်လည်ပတ်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းသိရသည်။
မြောက်ကိုရီးယားပိုင် KCNA သတင်းဌာနက"ရှုပ်ထွေးနေတဲ့ နိုင်ငံတကာအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နှစ်နိုင်ငံလုံးက အဖွဲ့ဝင်တွေနဲ့ အစိုးရတွေရဲ့ ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကိုလည်း ပိုမိုမြင့်မားတဲ့ အဆင့်သစ်တစ်ခုဆီကို ရောက်အောင် မြှင့်တင်သွားမှာပါ"ဟု ဖော်ပြထားသည်။
ကင်ဂျုံအန်သည် ရုရှားနှင့်တရုတ်တို့၏ အရာရှိများနှင့်အတူ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့တွင် ကျင်းပသော စစ်ရေးပြအခမ်းအနားတွင် မြောက်ကိုရီးယား၏နောက်ဆုံးပေါ် နျူကလီးယားဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို ကြည့်ရှုခဲ့ပြီးနောက် ယခုကဲ့သို့ အစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါစစ်ရေးပြအခမ်းအနားတွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိနိုင်စွမ်းရှိသော မြောက်ကိုရီးယား၏နောက်ဆုံးပေါ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် Hwasong-17 နှင့် Hwasong-18 တို့ကိုလည်း ပြသခဲ့ကြောင်း KCNA ကဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ဆွဲသေတ္တာတစ်လုံးအတွင်းမှ အပိုင်းပိုင်းဖြတ်ထားတဲ့ သန်းကြွယ်သူဋ္ဌေးရဲ့ ရုပ်အလောင်းကို အာဂျင်တီးနားမှာ တွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ