လက်ဆွဲသေတ္တာတစ်လုံးအတွင်းမှ အပိုင်းပိုင်းဖြတ်ထားတဲ့ သန်းကြွယ်သူဋ္ဌေးရဲ့ ရုပ်အလောင်းကို အာဂျင်တီးနားမှာ တွေ့ရှိ
ရောင်နီ (NSS) - ဇူလိုင် ၂၉
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်ရှိ စမ်းချောင်းတစ်ခုမှာ crypto လောကရဲ့ သြဇာလွှမ်းမိုးမှုရှိသူတစ်ဦးဖြစ်တဲ့ သန်းကြွယ်သူဋ္ဌေး ဖာနန်ဒိုမီရက်ဇ်အလ်ဂါဘာရဲ့ ခုတ်ထစ်ထားတဲ့ ရုပ်အလောင်း ထည့်ထားတဲ့ ခရီးဆောင်အိတ်ကို တွေ့ရှိခဲ့တယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အနီရောင် ခရီးဆောင်အိတ်ကို အာဂျင်တီးနားနိုင်ငံ မြို့တော်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အနီးအနားမှ ကလေးတွေ တွေ့ရှိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့ရာမှ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၂၆ ရက်) မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ခရီးဆောင်အိတ်ထဲ သေဆုံးသူရဲ့ ခြေထောက်နဲ့ လက်ဖျံတို့ကို တွေ့ရှိခဲ့ပြီး သေဆုံးသူကို ၎င်းရဲ့တက်တူးများနဲ့ လက်ဗွေများအရ သန်းကြွယ်သူဋ္ဌေး အယ်လ်ဂါဘာအဖြစ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးမှုတွေအရ မစ္စတာအယ်လ်ဂါဘာရဲ့ ရုပ်အလောင်းဟာ သေနတ်မှန်သေဆုံးခဲ့ပြီးမှ ခန္ဓာကိုယ်ကို တစ်ပိုင်းစီပြန်ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက်လေးဆယ်ကျော်အရွယ်ရှိ အယ်လ်ဂါဘာဟာ စပိန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး အာဂျင်တီးနားကို အလည်အပတ်လာရောက်စဉ်မှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
၎င်းရဲ့ ကြွေးမြီတွေကြောင့် အသတ်ခံရခြင်းဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။ မစ္စတာအယ်လ်ဂါဘာဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ် social media influencer တစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ်အကောင့်ဟာ ဖော်လိုဝါ ၉ သိန်းကျော်ထိ ရှိပါတယ်။ သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ဂျက်စကီးစီးခြင်း၊ ဇိမ်ခံကားများမောင်းခြင်း စသဖြင့် လူအများအားကျဖွယ် ဘဝကို ပိုင်ဆိုင်ထားကြောင်း ပြသထားပါတယ်။ ၎င်းဟာ အသတ်မခံရခင်က cryptocurrency ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်၌ မြေနံရံပြိုကျမှုနှင့် စေတီအချို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း