ပဲခူး အပါအဝင် ဒေသသုံးခု၌ ပဋိပက္ခများကြောင့် (၅)ရက်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ (၆၀၀၀)ကျော်ရှိခဲ့ဟုဆို
ယွန်း(NSS) - ဇူလိုင် ၂၉
ပဲခူး အပါအဝင် ဒေသသုံးခု၌ ပဋိပက္ခများကြောင့် (၅)ရက်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ (၆၀၀၀)ကျော် ရှိခဲ့ကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။
UNOCHA MYANMAR က ပြီးခဲ့သည့် ဇူလိုင်လ(၂၆)ရက်က အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြင်းထန်နေဆဲဖြစ်သည့် ပဋိပက္ခများနှင့် သဘာဝဘေးများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း UNOCHA မှ အသိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်မှ ဇူလိုင်လ(၂၀)ရက်ကြားတွင် ပဋိပက္ခများကြောင့် ပဲခူတိုင်းအရှေ့ပိုင်း အပါအဝင် တနင်္သာရီနှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် (၆၀၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ(၁၈)ရက်နေ့တွင် စတင်ခဲ့သည့် ရာသီဥတုပြောင်းလဲမှုများသည် နေရပ်စွန့်ခွာသူများအတွက် ဆိုးရွားသည့်အခြေအနေများကို ဆက်လက်ဖြစ်ပွားစေကြောင်း UNOCHA က ထည့်သွင်းထုတ်ပြန်ထားသည်။
အဆိုပါ ရာသီဥတုအခြေအနေများကြောင့် ကရင်၊ မွန်နှင့် တနင်္သာရီတို့ရှိ နေရပ်စွန့်ခွာသူ(၄၀၀)ကျော် သည် ယာယီခိုလှုံရာနေရာများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ၎င်းတို့အနက်မှ ကလေးငယ်(၄)ဦးရေနစ်သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများတွင်လည်း လိုအပ်ချက်များ ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူဦးရေ (၁ ဒသမ ၉)သန်းနီးပါးရှိကြောင်း UNOCHA MYANMAR ကထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ နေရပ်စွန့်ခွာသူများအနက် လူဦးရေ(၁ ဒသမ ၆ )သန်းနီးပါးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်တစ်ခုဆီသို့ရောက်အောင် မြှင့်တင်သွားမည်ဖြစ် ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကတိပြု
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ