Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၂)နှစ်အတွင်း လဝကရုံး (၉)ရုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစက ထုတ်ပြန်

NP News - ဇန်နဝါရီ ၂၁

မြို့နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး(၉)ရုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။ နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၂ဝ)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၃ ခုနှစ် အထိ (၂)နှစ်ကြာကာလအတွင်း မီးရှို့ဖျက်ဆီးခံရမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် (၂ဝ၂၁)ခုနှစ်အတွင်း အကြမ်းဖက်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ်တွင် ဦးစီးမှူးရုံး (၂)ရုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ(၁၄)ရက်၊ ည(၁ဝ)နာရီခွဲအချိန်ခန့်တွင် CDF များ၏ မီးလောင်ဗုံးဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ်ရှိ ပြည်နယ်ဦးစီးမှူးရုံး မီးလောင်ပျက်စီးခဲ့ကြောင်း နစကမှ ဆိုသည်။

အလားတူ နိုဝင်ဘာလ (၂၃)ရက်၊ ည(၁ဝ)နာရီအချိန်ခန့်တွင် PDF အင်အား (၃ဝဝ)ခန့်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ မြို့နယ်ဦးစီးမှူးရုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂ဝ၂၂ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခံရမှုများကြောင့် စစ်ကိုင်း အပါအဝင် ချင်းပြည်နယ်ရှိ ဦးစီးမှူးရုံးများ မီး လောင်ပျက်စီးခဲ့ကြောင်း နစကမှဆိုထားသည်။

ဖြစ်စဉ်မှာ ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်၊ည(၉) နာရီခွဲအချိန်ခန့်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဦးစီးမှူးရုံးနှင့် ဝန်ထမ်းလိုင်းခန်း နေအိမ်တို့အား CDF များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အောက်တိုဘာလ(၂၃)ရက်၊ နံနက်(၄)နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဦးစီးမှူးရုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒီဇင်ဘာလ(၅)ရက်၊ နေ့လည်(၁) နာရီအချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ မြို့နယ်ဦးစီးမှူးရုံးအား PDF အင်အား(၂ဝ)ခန့်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှ ဆက်လက်ထုတ်ပြန်ထားသည်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလတစ်လအတွင်း မကွေးနှင့် စစ်ကိုင်းတို့ရှိ ဦးစီးမှူးရုံးများအား PDF များက မီးရှို့ဖျက်ဆီးမှုများကြောင့် ဦးစီးမှူးရုံး(၄)ရုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၃)ရက်၊ ည(၉)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဦးစီးမှူးရုံးအတွင်းသို့ အကြမ်း ဖက်သမား(၃)ဦးမှ ခြံစည်းရိုးမှကျော်၍ ဝင်ရောက်ခဲ့ပြီး ရုံးအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှဆိုထားသည်။ အလားတူ ဇန်နဝါရီလ(၉)ရက်၊ ည(၈)နာရီခွဲ အချိန်ခန့်တွင် PDF အင်အား(၂ဝ)ဦးခန့်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဦးစီးမှူးရုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ(၁၂)ရက်၊ နံနက်(၁)နာရီခွဲအချိန်ခန့်တွင်လည်း PDF အင်အား (၂ဝ)ဦးခန့်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဦးစီးမှူးရုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပြီး ပြီးခဲ့သည့် ဇန်နဝါရီလ(၁၉)ရက်၊ ည(၇)နာရီ အချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ မြို့နယ်ဦးစီးမှူးရုံးအား PDF များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


zawgyi version


NP News - ဇန်နဝါရီ ၂၁









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန် နဲ့ တရုတ်နိုင်ငံကြာတင်းမာမှုတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လျော့ချနိုင်ခဲ့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved