Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန် နဲ့ တရုတ်နိုင်ငံကြာတင်းမာမှုတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လျော့ချနိုင်ခဲ့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၁

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က အမေရိကန် နဲ့ တရုတ်နိုင်ငံကြားတင်းမာမှုတွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လျော့နည်းလာခဲ့ပေမယ့် ထိုင်ဝမ်အပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်များနဲ့ပတ်သက်ပြီး တင်းမာမှုတွေပြန်ဖြစ်လာစေခဲ့ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော့်အမြင်တော့ တရုတ်နဲ့အမေရိကန်နိုင်ငံကြားမှာ ဆွေးနွေးမှုတွေ၊ စေ့စပ်တာမျိုးတွေရှိနေတဲ့အတွက် တင်းမာမှုတွေလျော့ချနိုင်အောင် သက်ရောက်မှုတွေဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ကျန်ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း တရုတ်နဲ့အမေရိကန်ဆက်ဆံရေးနဲ့ပတ်သက်ပြီး တာဝန်ယူခြင်းမျိုးရှိစေဖို့ မျှော်လင့်နေတယ်" လို့ပြောပါတယ်။

အန်တိုနီဘလင်ကန်ဟာ ဖေဖော်ဝါရီလ ၅ရက်၊ ၆ရက်တို့မှာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ဖို့ စီစဉ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အန်တိုနီဘလီကန်ရဲ့ခရီး စဉ်ဟာ ၂ဝ၁၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံကိုသွားရောက် တဲ့အမေရိကန် အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးရဲ့ပထမဆုံးခရီး စဉ်ဖြစ်လာဖွယ်ရှိနေကြောင်းသိရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ဟာ တရုတ်နိုင်ငံကိုသွား ရောက်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထိုင်ဝမ်ကျွန်းနားမှာ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေ တိုးမြင့်လာခြင်းနဲ့ ထိုင်ဝမ်ကိုအထီး ကျန်ဖြစ်အောင်လုပ်ဆောင်ခြင်းတွေက တရုတ်နဲ့ အမေရိကန်နိုင်ငံကြားဆက်ဆံရေးကို သတိပေးသလိုမျိုးရှိနေခဲ့ကြောင်းဆိုပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့အချုပ်အခြာပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို လိုအပ်မယ်ဆိုရင် အင်အားသုံးမယ်လို့ပြောဆိုထားကာ ပြီးခဲ့တဲ့နှစ်သြဂုတ်လနောက်ပိုင်းကတည်းက ထိုင်ဝမ်ကျွန်းနား တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။


zawgyi version

အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကာတင္းမာမႈေတြကို ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း ေလ်ာ့ခ်ႏိုင္ခဲ့ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ

ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၁

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္က အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈေတြဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း ေလ်ာ့နည္းလာခဲ့ေပမယ့္ ထိုင္ဝမ္အေပၚထားရွိတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ရည္႐ြယ္ခ်က္မ်ားနဲ႔ပတ္သက္ၿပီး တင္းမာမႈေတြျပန္ျဖစ္လာေစခဲ့ေၾကာင္း သုံးသပ္ေျပာဆိုခဲ့ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္ေတာ့္အျမင္ေတာ့ တ႐ုတ္နဲ႔အေမရိကန္ႏိုင္ငံၾကားမွာ ေဆြးေႏြးမႈေတြ၊ ေစ့စပ္တာမ်ိဳးေတြရွိေနတဲ့အတြက္ တင္းမာမႈေတြေလ်ာ့ခ်ႏိုင္ေအာင္ သက္ေရာက္မႈေတြျဖစ္ေစခဲ့တယ္လို႔ ထင္ပါတယ္။ က်န္ကမာၻ႔ႏိုင္ငံေတြအေနနဲ႔လည္း တ႐ုတ္နဲ႔အေမရိကန္ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး တာဝန္ယူျခင္းမ်ိဳးရွိေစဖို႔ ေမွ်ာ္လင့္ေနတယ္" လို႔ေျပာပါတယ္။

အန္တိုနီဘလင္ကန္ဟာ ေဖေဖာ္ဝါရီလ ၅ရက္၊ ၆ရက္တို႔မွာ တ႐ုတ္ႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးသြားေရာက္ဖို႔ စီစဥ္ထားေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန တာ ဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ အန္တိုနီဘလီကန္ရဲ႕ခရီး စဥ္ဟာ ၂ဝ၁၈ ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံကိုသြားေရာက္ တဲ့အေမရိကန္ အစိုးရအဖြဲ႕ဝန္ႀကီးတစ္ဦးရဲ႕ပထမဆုံးခရီး စဥ္ျဖစ္လာဖြယ္ရွိေနေၾကာင္းသိရပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ နဲ႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္တို႔ ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလက အင္ဒိုနီးရွားႏိုင္ငံ ဘာလီၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္ဟာ တ႐ုတ္ႏိုင္ငံကိုသြား ေရာက္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ထိုင္ဝမ္ကြၽန္းနားမွာ တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈေတြ တိုးျမင့္လာျခင္းနဲ႔ ထိုင္ဝမ္ကိုအထီး က်န္ျဖစ္ေအာင္လုပ္ေဆာင္ျခင္းေတြက တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကားဆက္ဆံေရးကို သတိေပးသလိုမ်ိဳးရွိေနခဲ့ေၾကာင္းဆိုပါတယ္။

တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔အခ်ဳပ္အျခာပိုင္နက္ျဖစ္တယ္လို႔ ေျပာဆိုထားၿပီး ထိုင္ဝမ္နဲ႔ျပန္လည္ေပါင္းစည္းေရးကို လိုအပ္မယ္ဆိုရင္ အင္အားသုံးမယ္လို႔ေျပာဆိုထားကာ ၿပီးခဲ့တဲ့ႏွစ္ၾသဂုတ္လေနာက္ပိုင္းကတည္းက ထိုင္ဝမ္ကြၽန္းနား တ႐ုတ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အလယ်တန်းပြဆရာမတစ်ဦးအပါအဝင် လူသုံးဦးအား သေနတ်ဖြင့်ပစ်သတ်မှု ရွှေဘိုမြို့၌ဖြစ်ပွား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved