သင်္ဃန်းကျွန်းအပါအဝင် ရန်ကင်း နှင့် တာမွေမြို့နယ်တို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး
စော(NSS) - ဇူလိုင် ၂၈
ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကင်းမြို့နယ် နှင့် တာမွေမြို့နယ်တို့၌ မနက်ဖြန် (ဇူလိုင်လ ၂၉ ရက်) တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့(ဇူလိုင်လ ၂၈ ရက်)တွင် အထက်ပါကဲ့သို့အသိပေးကြေညာထားခြင်းဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 230kV သာကေတဓာတ်အားပေးစက်ရုံရှိ 66kV ကျိုက္ကဆံဖီဒါအား AIS မှ New GIS သို့ ပြောင်းရွှေ့တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်အားပို့လွှတ်ခြင်းလုပ်ငန်းကို ဇူလိုင်လ (၂၉)ရက်၊ နံနက် (၉)နာရီမှ (၁၂)နာရီအတွင်း ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်များရှိ နေရာအချို့တို့၌ ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်ဧရိယာလျော့နည်စေရေးအတွက် အလေထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်စပါးဈေးကျဆင်းရန် အရန်ဆန် အိတ်(၅၀၀၀၀)ကို ဈေးကွက်ပေါက်ဈေးထက်နိမ့်သော ဈေးနှုန်းဖြင့် ထုတ်ရောင်းမည်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း