ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးသည် မြန်မာနိုင်ငံ နှင့် ပြည်သူများ၏ အနာဂတ်များအတွက် အရေးပါသည့် အခြေအနေတွင်ရှိနေဟု ILO ဆို
ယွန်း (NSS) - ဇူလိုင် ၂၈
ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးသည် မြန်မာနိုင်ငံ နှင့် ပြည်သူများ၏ အနာဂတ်များအတွက် အရေးပါသည့် အခြေအနေတွင်ရှိနေကြောင်း ILO မှ သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin LI က ဇူလိုင်လ(၂၈)ရက် ILO ၏ ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က နောက်ဆုံးထုတ်ပြန်သည့် လုပ်သားဈေးကွက်အခြေ အနေအရ မြန်မာ့လုပ်သားဈေးကွက်သည် ကိုဗစ်-၁၉ ရောဂါကပ်ဘေး အပါအဝင် ၂၀၂၁ ခုနှစ် အာဏာလွှဲပြောင်းယူမှုများကြောင့် နောက်ဆက်တွဲအနေဖြင့် လူမှုစီးပွားဖရိုဖရဲဖြစ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“အလုပ်သမားအများအပြားက မရေရာတဲ့အနာဂတ်ကို ရင်ဆိုင်နေရတာနဲ့အတူ၊ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခြေအနေတွေ မခိုင်မခံ့မှုနဲ့စိန်ခေါ်မှုအောက်တွေမှာ ရှိနေဆဲဖြစ်တယ်။ ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးဟာ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေရဲ့ အနာဂတ်အလားအလာအတွက် အလွန်အရေးပါတဲ့ အခြေအနေမှာဆက်ရှိနေပြီး ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးရေးဟာ လူမှုရေးတရားမျှတမှုနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အတွက်လိုအပ်တဲ့ ကြိုတင်သတ်မှတ်ရမယ့် အခြေအနေဖြစ်တယ်”ဟု ILO (မြန်မာ) ၏ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin LI က အသိပေးပြောကြားထားသည်။
ပြည်တွင်း၌ အချို့ကဏ္ဍများသည် လတ်တလောပြန်လည်ကောင်းမွန်လာသော်လည်း အလုပ်အကိုင်အရေအတွက်သည် လူဦးရေများပြားလာမှုကို အမီလိုက်နိုင်ခြင်းမရှိခဲ့ကြောင်း ILO ကပြောသည်။
၎င်း၏အကျိုးဆက်အဖြစ် ၂၀၂၂ ခုနှစ်တွင်ရှိသည့် အလုပ်အကိုင်နှင့်လူဦးရေ၏ အချိုးအစား (၅၃ ဒသမ ၅)ရာခိုင်နှုန်းသည် ၂၀၁၇ ခုနှစ်တွင်ရှိခဲ့သည့် အဆင့်အောက် (၈ ဒသမ ၂)ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားကြောင်း သိရသည်။
အလားတူ အစိုးရ၏ကြပ်မတ်မှုအောက်တွင်မရှိသော လုပ်ငန်းကဏ္ဍအတွင်းသို့ အလုပ်သမားများ ပို၍တွန်းပို့ခံရခြင်းကြောင့်လည်း အလုပ်အကိုင်အရည်အသွေး ကျဆင်းခဲ့ကြောင်း ILO မှ ထုတ်ပြန်ထားသည်။
ခန့်မှန်းချက်များအရ လုပ်အားဖြစ်ထွန်းမှုသည် ၂၀၂၁ ခုနှစ်တွင် (၈)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပြီး ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် နောက်ထပ်(၂)ရာခိုင်နှုန်းဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးများ၏ အလုပ်အကိုင်နှင့် လူဦးရေအချိုးအစားသည် အမျိုးသားများထက် နှစ်ဆကျဆင်းလျက်ရှိပြီး သာမန်ထက်ပိုကြီးမားသည့် အကျိုးသက်ရောက်မှုများသည် အမျိုးသမီးများအပေါ်တွင် ကျရောက်နေကြောင်း ILO မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိနေသော ဒုဦးစီးမှူးနှင့် နည်းပြရာထူးများအတွက် လျှောက်လွှာများခေါ်ယူနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ