တရုတ်အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် အလားလာများနေဟု NLD ပါတီတာဝန်ရှိသူတစ်ဦး ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၈
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ် Deng Xijuan လာရောက်ချိန်တွင်လည်း တွေ့ဆုံဆွေးနွေးခွင့် ရရှိရန် အလားလာများကြောင်း NLD ပါတီ၏ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်လည်း တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပြီးနောက် တရုတ်အထူးကိုယ်စားလှယ်နှင့် ထပ်မံတွေ့ဆုံခွင့်ရရန်အလားလာများနေကြောင်း NLD ပါတီ၏ တာဝန်ရှိသူက ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ၏ တာဝန်ရှိသူတစ်ဦးက "ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရက် ညပိုင်းကနေ high-level ရာထူးအဆင့်အတန်းမြင့်တဲ့သူတွေ နေထိုင်တဲ့အဆောက်အဦးကို ပြောင်းရွှေ့ပေးခဲ့တာပါ" ဟု AFP သတင်းဌာနသို့ အတည်ပြုထားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်နီးစပ်သော သတင်းအရင်းမြစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ VIP compound သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ထပ်မံပြောထားသည်။ ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိအချိန်တွင် အကျင့်ပျက်လာဘ်စားမှု အပါအဝင် အခြားစွဲချက်များ နှင့် ထောင်ဒဏ် ၃၃ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီး ထိန်းသိမ်းခံရပြီး မီဒီယာများ၊ နိုင်ငံတကာသံတမန်များ နှင့် တွေ့ဆုံဆွေးနွေးခွင့် မရဘဲရှိနေခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၉ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်း နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်နေပြီး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ပြောထားကြောင်း ထုတ်ဖော်ပြောခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် NUG နှင့် PDF လက်နက်ကိုင်အဖွဲ့များကို အသိမှတ်မပြုသလို အားပေးထောက်ခံခြင်းမရှိကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ပြောထားကြောင်း panorientnews သတင်းဌာနက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်အမျိုးသားကိုယူပါက တစ်လသိန်း(၁ဝဝ)ကျော်ရမည်ဆိုကာ ရောင်းစားရန်စီစဉ်ခဲ့သော အမျိုးသမီး (၄)ဦးကို အလုပ်နှင့်ထောင်ဒဏ် ချမှတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ