ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ထပ်မံကျင်းပမယ့်အခြေအနေများကို အောက်လွှတ်တော်ဥက္ကဋ္ဌ ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၇
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေနဲ့ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည် စာရင်းတင်သွင်းခြင်းကို ငြင်းဆန်ပယ်ချခြင်းနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့အမှုကို ဆုံးဖြတ်ဖို့ ပယ်ချခဲ့မယ်ဆိုရင် သြဂုတ်လ ၄ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ လွှတ်တော်အစည်းအဝေးကျင်းပမယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းအစိုးရက ခန့်အပ်ထားတဲ့ အစိုးရဌာနများအပေါ် မကျေနပ်ချက်များ စုံစမ်းတင်ပြရေးရုံး Ombudsman Office က ရှေ့သို့ချီပါတီခေါင်းဆောင်ပီတကိုဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းခဲ့ခြင်းကို လွှတ်တော် က ငြင်းပယ်ခြင်းနဲ့ပတ်သက်ပြီး မကျေနပ်မှုများရှိနေတဲ့အတွက် စုံစမ်းစစ်ဆေးပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြထားကြောင်း သိရပါတယ်။
အဆိုပါအဖြစ်ပျက်ကြောင့် ဇူလိုင် ၂၇ ရက်မှာ ကျင်းပမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို ရွှေ့ဆိုင်းခဲ့ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားပါတယ်။ ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌက ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေနဲ့ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းခြင်းကို ငြင်းဆန်ပယ်ချခြင်းနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့အမှုကို ဆုံးဖြတ်ဖို့ လက်ခံခဲ့မယ်ဆိုရင် ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲက ထပ်မံနှောင့်နှေးဖွယ်ရှိနေကြောင်း ဆိုပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေနဲ့ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည် စာရင်းတင်သွင်းခြင်းကို ငြင်းဆန်ပယ်ချခြင်းနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့အမှုကိုဆုံးဖြတ်ဖို့ လက်ခံခဲ့မယ်ဆိုရင် ထိုင်းလွှတ်တော်နှစ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၂ ကို ပြင်ဆင်ဖို့ ဥပဒေမူကြမ်းတင်သွင်းဆွေးနွေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတရားသူကြီးတွေဟာ Ombudsman’s Office ရုံးရဲ့ တောင်းဆိုချက်ကို လက်ခံ ဆုံးဖြတ်သင့်/မသင့် ဆိုတဲ့အချက်ကို သြဂုတ်လ ၃ ရက်မှာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်စန်မြို့တွင် နေအိမ်၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ