တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် ဒုတိယမြို့နယ်တရားသူကြီးအဆင့် ရာထူးများခေါ််ယူ
စော(NSS) - ဇူလိုင် ၂၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်လက်အောက်တွင် လစ်လပ်လျက်ရှိသော ဒုတိယမြို့နယ်တရား သူကြီးအဆင့် ရာထူးနေရာ(၈၀)ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ယနေ့(ဇူလိုင်လ ၂၇ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်အောက်ရှိ တရားရုံးချုပ်အသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အဆိုပါရာထူး (၈၀)အနက် အမျိုးသား (၄၀)ဦး နှင့် အမျိုးသမီး (၄၀)ဦးတို့ကို ခေါ်ယူသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရန်လိုပြီး အနိမ့်ဆုံးဥပဒေဘွဲ့(အယ်လ်အယ်လ် ဘီဘွဲ့) ရရှိပြီးသူဖြစ်ရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် လျှောက်ထားလိုသူများသည် ဒီဇင်ဘာလ(၃၁)ရက်တွင် အသက်(၂၈) ထက်မကျော် လွန်သူဖြစ်ရန်လိုပြီး မဟာဥပဒေဘွဲ့ရရှိပြီးသူ နှင့် လက်ရှိတွင် ဝန်ထမ်းဖြစ်ပါက အသက်(၃ဝ) ထက်မကြီးသူဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်ထားသူများအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် ဥပဒေဘာသာရပ်စသည့် ဘာသာရပ်(၄)မျိုးကို ရေးဖြေဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းဖြစ်ပါက လျှောက်လွှာနှစ်စောင်ကို ဝယ်ယူရမည်ဖြစ်ပြီး ဝန်ထမ်းမဟုတ်ပါက လျှောက်လွှာတစ်စောင်သာ ဝယ်ယူဖြည့်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ လျှောက်လွှာတစ်စောင်ကို ဩဂုတ်လ(၃၁)ရက် နောက်ဆုံးထား၍ မိမိတို့ဝယ်ယူခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် တင်သွင်းရမည်ဖြစ်ပြီး ကျန်လျှောက်လွှာတစ်စောင်ကို မိမိတို့ တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနဆိုင်ရာအကြီးအကြဲမှတစ်ဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များ၌ စက်တင်ဘာလ (၂၃)ရက်နှင့် (၂၄)ရက်များတွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်လက်မှတ်များကို စက်တင်ဘာလ (၂၁)ရက်နှင့် (၂၂)ရက်များတွင် ကိုယ်တိုင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းပြ၍ ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ထပ်မံကျင်းပမယ့်အခြေအနေများကို အောက်လွှတ်တော်ဥက္ကဋ္ဌ ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ